တွေ့ဆုံဆွေးနွေးပွဲ ပျက်ပြားအောင် လမ်းလွှဲနေသည်များကို မထောက်ခံဟု ဒေါ်စုကပြော


စစ်မှန်သည့် တွေ့ဆုံဆွေးနွေးပွဲကို မဖြစ်မြောက်အောင် အမျိုးမျိုးလမ်းလွှဲရန် လုပ်ဆောင်သည့် ခြေလှမ်းများကို မထောက်ခံကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်စဉ်ကတည်းက မြန်မာ နိုင်ငံအတွက် အရေးကြီးသည့် တွေ့ဆုံ ဆွေးနွေးရေးအတွက် မူတခုချမှတ်ခဲ့ ကြောင်း၊ တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် အမျိုးသားရင်ကြားစေ့ဖြစ်မြောက်ရန် လုပ် ဆောင်နိုင်မည်ဖြစ်၍ ၂၀၁၃ ခုနှစ်ကစပြီး လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုခဲ့ကြောင်း ဒီဇင်ဘာ ၁၃ ရက်နေ့ က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ၌ ကျင်းပ ပြုလုပ်သော NLD ပထမအကြိမ် ဗဟို ကော်မတီ စတုတ္ထအကြိမ် အစည်းအဝေး တွင် ဒေါ်အောင်ဆန်းစုကြည်က အထက် ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဘာပြုလို့ လေးပွင့်ဆိုင်ကို တောင်းဆိုခဲ့သလဲဆိုတာဟာ စတင်ပြီး တော့ ဆွေးနွေးတဲ့နေရာမှာ ထိရောက်ဖို့ လိုပါတယ်။ ပွင့်ပွင့်လင်းလင်းနဲ့ ညှိနှိုင်းတိုင် ပင်နိုင်ဖို့လိုပါတယ်။ ကျွန်မတို့က နောင်မှ အကျယ်အကျယ်လုပ်သွားချင်တယ်ဆိုတာ က အစမှာ ပွင့်ပွင့်လင်းလင်းနဲ့ ထိထိ ရောက်ရောက် မဆွေးနွေးနိုင်ဘူးဆိုရင် နောင်ဆက်ပြီးတော့ ဆွေးနွေးဖို့၊ ထိရောက် ဖို့ဆိုတာဟာ မလွယ်ပါဘူး။ သိပ်တော့ ပါဝင်တဲ့လူများလို့ရှိရင် သဘောတရားတွေ သိပ်ပြီးများလို့ရှိရင်၊ ကွဲလွဲမှုတွေများလို့ရှိရင် စပြီးတော့ နားလည်မှုယူဖို့ဟာ ခက်ခဲတတ် ပါတယ်။ ဒါကြောင့်မို့လို့ လက်တွေ့ကျကျ ကြည့်ပြီးတော့ တောင်းဆိုတာ ဖြစ်ပါ တယ်။ ကန့်သတ်ချင်လို့ မဟုတ်ပါဘူး။ အများပါဝင်တာကို မလိုလားလို့ မဟုတ် ပါဘူး။ လက်တွေ့ကျကျ ထိရောက်တဲ့ ဆွေးနွေးပွဲကို ဖြစ်စေချင်လို့ လေးပွင့်ဆိုင် ကို တောင်းဆိုခဲ့တာဖြစ်ပါတယ်”ဟု ၎င်းင်းကပြောသည်။

ထို့ပြင် လွှတ်တော်အတွင်း ခြောက် ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေးနှင့် NLD ၏ လေးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေးတို့ သဘောတရား အရ ကွာခြားမှုမရှိ သည့် အတွက် ထောက်ခံကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“ဒါပေမဲ့ ဒီလိုထိရောက်တဲ့ ဆွေး နွေးပွဲတွေ မဖြစ်အောင်လို့ အမျိုးမျိုးလမ်း လွှဲဖို့လုပ်တဲ့ ခြေလှမ်း တွေကို လည်း ကျွန်မ အားမပေးပါဘူး။ မထောက်ခံပါဘူး။ ကျွန်မတို့က ဗန်းပြဆွေးနွေးပွဲများကို လိုချင် တာ မဟုတ်ပါဘူး”ဟု ၎င်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၉၈၈ ခုနှစ်ကတည်းက ချမှတ်ခဲ့သည့် စစ်မှန်သည့်တွေ့ဆုံ ဆွေးနွေး ပွဲများနှင့် အမျိုးသားရင်ကြားစေ့ရေး မူများကို ဆက်လက်ကိုင်စွဲသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
တွေ့ဆုံဆွေးနွေးပွဲ ပျက်ပြားအောင် လမ်းလွှဲနေသည်များကို မထောက်ခံဟု ဒေါ်စုကပြော တွေ့ဆုံဆွေးနွေးပွဲ ပျက်ပြားအောင် လမ်းလွှဲနေသည်များကို မထောက်ခံဟု ဒေါ်စုကပြော Reviewed by သစ်ထူးလွင် on 19:49 Rating: 5
Powered by Blogger.