ရဲနှင့် လက်ပံတောင်း ဒေသခံ ထိပ်တိုက်တွေ့၊ ရွာသား ၂ ဦး ဒဏ်ရာရ


စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လိပ်ခွံတောင်ပေါ်မှာ ရဲနဲ့ လက်ပံတောင်း ဒေသခံတွေ ထိပ်တိုက်တွေ့ခဲ့ပြီး ရွာသား ၂ ဦး ဒဏ်ရာရသွားတယ်လို့ ပြောပါတယ်။

မြေယာတွေမှာ ခြံစည်းရိုး သွားခတ်ဖို့ကြိုးစားရာ  လျော်ကြေးရယူထားခြင်းမရှိတဲ့ ရွာသားတွေနဲ့ ထိပ်တိုက်တွေ့ပြီး ရာဘာကျည်ဆန်ထည့်ထားတဲ့ သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ မိုးကြိုးပြင်ရွာသား ၁ ဦး ဒဏ်ရာ ရသွားတယ်လို့ ရွာသားတွေက ပြောပါတယ်။

ဒဏ်ရရတဲ့ ကိုပေါ်ဌေးက “အသံက ဖုန်းဆိုပြီး တအားကြီးမြည်သွားတယ်၊ ၁၄ ချက်လောက်တော့ ရှိမယ်၊ တင်ပဆုံကို မှန်တယ်၊ အစောပိုင်းဖြစ်နေတာကတော့ ရေနွေးပူ လောင်သလိုပဲ ပူကျက်နေပြီးတော့ တော်တော်လေးကို အနေရခက်တယ်၊ အခု ဆေးထိုးထားတော့ နေရတာမဆိုးဘူး”လို့ ပြောပါတယ်။

ဒါအပြင် လောက်လေးခွတွေနဲ့လည်း ပစ်ခတ်ခဲ့တဲ့အတွက် နောက်ထပ် ၁ ဦး ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

ကုသပေးနေတဲ့ ဆေးမှူးဟောင်း ဦးနောင်နောင်က ရာဘာကျည်နဲ့ ရတဲ့ဒဏ်ရာ ဖြစ်တယ်လို့ ခန့်မှန်းပြောဆိုပါတယ်။

“အမှန်ကတော့ ရှပ်မှန်ပြီးတော့ လောင်သွားတဲ့သဘောနဲ့တူပါတယ်၊ ကြည့်ရတာ”လို့ ပြောပါတယ်။

ဆားလင်းကြီးခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့်ကတော့ သေနတ်နဲ့ ပစ်ခတ်တာ မဟုတ်ဘဲ ရွာသားတွေက ခြံစည်းရိုးခတ်တယ်လို့ သံသယရှိပြီးတော့ တက်လာရာမှာ  ရဲကင်းကို လေးခွနဲ့ ပစ်လို့ ရဲတပ်ဖွဲ့က လောက်လေးခွနဲ့ ပြန်လည် ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။

ဒီဗွီဘီက ဆက်သွယ်တဲ့ အချိန်ထိတော့ လိပ်ခွံတောင် ရဲကင်းအောက်မှာ ရွာသားတွေ စုရုံးရောက်ရှိနေတယ်လို့ သူက ပြောပါတယ်။

By ကို​ထွေး​ (ဒီဗွီဘီ)
http://burmese.dvb.no/archives/73718
ရဲနှင့် လက်ပံတောင်း ဒေသခံ ထိပ်တိုက်တွေ့၊ ရွာသား ၂ ဦး ဒဏ်ရာရ ရဲနှင့် လက်ပံတောင်း ဒေသခံ ထိပ်တိုက်တွေ့၊ ရွာသား ၂ ဦး ဒဏ်ရာရ Reviewed by သစ်ထူးလွင် on 19:53 Rating: 5
Powered by Blogger.