သံတော်ဆင့်ဂျာနယ် တောင်းပန်ပုံ ဝန်ကြီးဌာန လက်မခံနိုင်ဟု ပြော


နိုင်ငံတော်သမ္မတရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမှုနဲ့ တရား စွဲခံထားရတဲ့ မြန်မာသံတော်ဆင့် သတင်းဂျာနယ်က ထုတ်ဝေသူနဲ့ အယ်ဒီတာချုပ် အပါအ၀င် ၁၁ ဦးအမှု ကို နေပြည်တော်ကောင်စီ ပုဗ္ဗသီရိမြို့နယ်တရားရုံးမှာ ဒီနေ့ စစ်ဆေး ရာ တရားလိုဖြစ်တဲ့ ပြန်ကြားရေးဝန်ကြီး ဌာန ရုံးအဖွဲ့မှူး ဒုတိယ ညွှန်ကြားရေး မှူးချုပ် ဦးမြင့်ထွေး လာရောက်ထွက်ဆို သွားခဲ့ကြောင်း သိရပါတယ်။

ဦးမြင့်ထွေးက မြန်မာသံတော်ဆင့်ဂျာနယ်ပါ အင်တာဗျူးနဲ့ ပတ်သက်ပြီး ဂျာနယ်က တောင်းပန်ပုံ တောင်းပန်နည်းကို လက်မခံနိုင်ကြောင်းနဲ့ စာနယ်ဇင်းကောင်စီကို ညှိနှိုင်းပေး ဖို့ စာပေးပို့ခဲ့ကြောင်း စသဖြင့်တရားရုံးမှာ ထွက်ဆိုခဲ့တယ် လို့ တရားစွဲခံရသူ ၁၁ ဦးရဲ့ ရှေ့နေ ဦးဇော်လင်းက ပြော ပါတယ်။

"တရားလိုကတော့ တိုင်တဲ့အတိုင်းပေါ့ သူကတော့ သက်သေခံတွေ ဘာတွေတင်တာပေါ့ သူ့ကိုတာ ဝန်ပေးလို့ သူဒီမှာတရားလိုလုပ်ပြီးတော့ အမှုကိုဆောင်ရွက် ရတဲ့အကြောင်းတို့၊ ကျန်တာနောက်ပိုင်း အင် တာဗျူးနဲ့ ပတ်သက်လို့ စာနယ်ဇင်းကောင်စီ ကိုသူတို့ပို့တဲ့ စာပေါ့ ညှိနှိုင်းပေးဖို့၊ ဖြေရှင်းပေး ဖို့၊ နောက်နှစ် ဖက်ညှိနှိုင်းတာအဆင်မပြေတဲ့ အကြောင်းပေါ့၊ ဒီဖက်က အမှန်မှာ သံတော်ဆင့်ကတောင်းပန်ပေ မယ့် တောင်းပန်ပုံ တောင်းပန်နည်းကို သူတို့မကျေ နပ်ဘူးပေါ့လေ တောင်းပန်တာကိုအဲ့လောက်နဲ့ မလုံလောက်ဘူးဆိုပြီး အဲ့ဒါနဲ့ တရားစွဲတယ်၊ အဲ့လိုပြောတယ်"

ဒီအမှုကို လာမယ့် ၂၃ ရက်နေ့မှာ ထပ်မံစစ်ဆေးသွားမှာဖြစ်ပြီး အဲ့ဒီရုံးချိန်းမှာ တရားလို ဦးမြင့်ထွေးဘက်က သက်သေတွေကို စစ်ဆေးမေးမြန်းသွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက ထုတ်ဝေခဲ့တဲ့ မြန်မာသံတော်ဆင့်ဂျာနယ်မှာ ဖေါ်ပြခဲ့တဲ့ ဗေဒါနိုင်ငံရေးသိပ္ပံ ကျောင်းအုပ် ဦးမျိုးရန်နောင်သိမ်း နဲ့ တွေ့ဆုံမေးမြန်း ခန်းမှာ နိုင်ငံတော်သမ္မတရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ အသုံးအနှုန်းတွေ ပါဝင်ခဲ့တယ်ဆိုပြီး ပြန်ကြားရေးဝန်ကြီးဌာနက ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေ တဲ့ရေးသားမှု သတင်းမီဒီယာဥပဒေပုဒ်မ ၂၅ (ခ) နဲ့ မြန်မာသံတော်ဆင့်သတင်း ဂျာနယ် ထုတ်ဝေသူနဲ့ အယ်ဒီတာချုပ် ဦးကျော်စွာမင်း ၊ ဒုတိယအယ်ဒီတာချုပ် ဦးအောင်ကျော်မင်း၊ ဦးဆန်းထူးဝင်းနဲ့ ဦးအံ့ခေါင်မင်း အပါအဝင် ၁၁ ဦးကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့က တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127
သံတော်ဆင့်ဂျာနယ် တောင်းပန်ပုံ ဝန်ကြီးဌာန လက်မခံနိုင်ဟု ပြော သံတော်ဆင့်ဂျာနယ် တောင်းပန်ပုံ ဝန်ကြီးဌာန လက်မခံနိုင်ဟု ပြော Reviewed by သစ်ထူးလွင် on 21:54 Rating: 5
Powered by Blogger.