သြစတြေးလျမှာ ကလေး ၈ ယောက် အလောင်း တွေ့ရှိ

ကလေး အလောင်းတွေ တွေ့တဲ့ အိမ်ကို စုံစမ်း စစ်ဆေးနေ

သြစတြေးလျ နိုင်ငံ ကွင်းစ်လန်း ပြည်နယ် မြောက်ပိုင်း၊ ကန်းန်စ် မြို့က အိမ်တစ်အိမ်မှာ သေဆုံးနေတဲ့ ကလေး ၈ ယောက်ကို တစ်ပြိုင်တည်း တွေ့ရှိခဲ့တယ်လို့ သြစတြေးလျ ရဲတပ်ဖွဲ့က ပြောပါတယ်။

၁၈ လသား အရွယ် ကနေ ၁၅ နှစ် အကြား အသီးသီး ရှိတဲ့ အဲဒီ ကလေး ၈ ယောက်ဟာ ဓားနဲ့ အထိုး ခံရတယ်လို့ အစောပိုင်းက သတင်းတွေ ထွက်ခဲ့ပေမယ့် ရဲတပ်ဖွဲ့က အတည်ပြုခြင်း မရှိသေးပါဘူး။

ကလေး ၇ ယောက်ရဲ့ မိခင် ဖြစ်သူ ၃၄ နှစ် အရွယ် အမျိုးသမီးကို ပြင်းထန်တဲ့ ဓားဒဏ်ရာတွေနဲ့ တွေ့ရှိရတယ်လို့ ရဲက သတင်းရခဲ့ ပြီးနောက် အဲဒီအိမ်မှာ ကလေး အလောင်းတွေကို ရဲက တွေ့ရှိ ခဲ့တာပါ။

အခုတော့ အဲဒီ အမျိုးသမီးဟာ ဆေးရုံမှာ အခြေအနေ တည်ငြိမ်သွားပြီလို့ ရဲက ဆိုပါတယ်။

ဒီအမှုဟာ မပြောပြနိုင် လောက်အောင် ဆိုးရွားတဲ့ ပြစ်မှုပဲလို့ သြစတြေးလျ ဝန်ကြီးချုပ် တိုနီ အက်ဘော့က ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/12/141219_australia_eight_children_found_dead
သြစတြေးလျမှာ ကလေး ၈ ယောက် အလောင်း တွေ့ရှိ သြစတြေးလျမှာ ကလေး ၈ ယောက် အလောင်း တွေ့ရှိ Reviewed by သစ်ထူးလွင် on 03:46 Rating: 5
Powered by Blogger.