ကျန်ကျို့ ၊ ၁၆-၁၂-၂၀၁၄
တရုတ်နိုင်ငံ အလယ်ပိုင်း ဟေနန်ပြည်နယ် ရှိ ကာရာအိုကေ ဆိုင်တစ်ခုတွင် ဒီဇင်ဘာ ၁၅ ရက် နံနက် အစောပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ရာ ၁၁ ဦးသေဆုံး ခဲ့ကြောင်း ဒေသတွင်း အာဏာပိုင် များက ပြောကြား ခဲ့ကြောင်း Xinhua သတင်းတစ်ရပ် အရ သိရသည်။
အဆိုပါ မီးလောင်မှုသည် ချန်ယွန်းခရိုင် ရှိ ဟွမ်ကွမ်း ကာရာအိုကေ ဆိုင်၌ ဒေသ စံတော်ချိန် နံနက် ၁၂ နာရီ မိနစ် ၂ဝ ဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း ခရိုင် အုပ်ချုပ်မှု အဖွဲ့၏ ထုတ်ပြန်ချက် တစ်ရပ်အရ သိရသည်။
၎င်းမီးလောင်မှု ဖြစ်ပွားပြီးနောက် ဒဏ်ရာ ရရှိခဲ့သော လူ ၃၅ ဦးကို ဒေသတွင်း ဆေးရုံသို့ အာဏာပိုင် များက ပို့ဆောင် ပေးခဲ့ပြီး ၄င်းတို့အနက်မှ ၁၁ ဦး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကာရာအိုကေ ဆိုင် မီးလောင်ကျွမ်း မှုကို ၄၅ မိနစ်ကြာ ငြှိမ်းသတ် ခဲ့ရကြောင်း၊ ထို့ပြင် ခရိုင်ရှိ ကာရာအိုကေ ဆိုင်များ အားလုံးကိုလည်း ခေတ္တ ပိတ်ထားပြီး မီးလောင်မှုနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှု များကို ဆက်လက် လုပ်ဆောင်လျက် ရှိကြောင်း အာဏာပိုင် များက ပြောကြား ခဲ့သည်။
#PyiChitThar
http://www.pyichitthar.com/2014/12/blog-post_23.html
ကာရာအိုကေဆိုင် မီးလောင်မှု၌ ဒဏ်ရာရသူ ၃၅ ဦးထဲမှ ၁၁ ဦးသေဆုံး
Reviewed by သစ်ထူးလွင်
on
15:46
Rating:
