လှိုင်တက္ကသိုလ်ဝင်း အတွင်းမှာ အကင် ဆိုင်မှ ဂက်စ်မီးဖို ပေါက်ကွဲမှုဖြစ်၊ ဆိုင်ရှင်အမျိုးသမီးနှင့် ကလေးငယ်(၆)ဦး ဒဏ်ရာရရှိ




လှိုင်မြို့နယ်၊ တက္ကသိုလ်ဝင်းအတွင်း လက်တွန်းလှည်းဖြင့် ရောင်းချသည့် ကိုရီးယားအကင် ဆိုင်မှ ဂက်စ်မီးဖိုပေါက်ကွဲမှုဖြစ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

၁၉.၁၂.၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန်တွင် လှိုင်မြို့နယ်၊ (၁၂)ရပ်ကွက်၊ ရန်ကုန် တက္ကသိုလ်ဝင်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည်ဟု သတင်းထွက်ပေါ်ခဲ့ပါသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ လှိုင်မြို့မ ရဲစခန်းတပ်ဖွဲ့ဝင်များမှ အတည်ပြု စုံစမ်းစစ်ဆေးခဲ့ရာ ဖြစ်စဉ်မှာ အဆိုပါအချိန်တွင် လှိုင်တက္ကသိုလ်ဝင်း၊ ITC ကျောင်းပတ်လမ်း၊ ဂိတ်(၅-ခ)အနီးတွင် လက်တွန်းလှည်းဖြင့်လှည့်လည် ဈေးရောင်းချသည့် ကိုရီးယားအကင်ဆိုင်တွင် အသုံးပြုသော ဂက်စ်မီးဖိုမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါဂက်စ်မီးဖိုပေါက်ကွဲမှုကြောင့် ဆိုင်ရှင် အမျိုးသမီး(စိစစ်ဆဲ)နှင့် အနီးရှိ ကလေးငယ်များဖြစ်သော မောင်ဆန်းတေဇသူရ၊ မောင်မြတ်မင်းကျော်၊ မောင်သီဟထွဋ်၊ မငွေရည်ပုလဲဥ၊ မ၀င်းပြည့်မောင်၊ မတင်ဇာဖူးထက်နှင့် မနှင်းဝတ်ရည်အောင်တို့(၆)ဦးတို့မှာ ဆီပူလောင်ဒဏ်ရာနည်းငယ်(မစိုးရိမ်ရ) ရရှိခဲ့ကြသဖြင့် ဆိုင်ရှင်အမျိုးသမီးအား ရန်ကုန်ဆေးရုံကြီးသို့လည်းကောင်း၊ ဒဏ်ရာရရှိသည့် ကလေးငယ်(၆)ဦးအား ရန်ကင်းမြို့နယ်၊ ကလေးဆေးရုံသို့ လည်းကောင်း ပို့ဆောင် ပေးလျက်ရှိကြောင်း သိရှိရပါသည်။

အခင်းဖြစ်ရပ်သို့ တာဝန်ရှိသူများ ရောက်ရှိကာ အသေးစိတ်စစ်ဆေးလျက်ရှိပြီး မလိုလားအပ်သော ပြဿနာ များ မဖြစ်ပွားစေရေး အတွက် လုံခြုံရေးတာဝန် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပေါက်ကွဲမှုမှာ ဗုံးပေါက်ကွဲမှုမဟုတ်ဘဲ ဂက်စ်မီးဖိုပေါက်ကွဲခြင်းသာ ဖြစ်ကြောင်း အသိပေး ဖော်ပြအပ်ပါသည်။

Yangon Police
https://www.facebook.com/yangonpolice
လှိုင်တက္ကသိုလ်ဝင်း အတွင်းမှာ အကင် ဆိုင်မှ ဂက်စ်မီးဖို ပေါက်ကွဲမှုဖြစ်၊ ဆိုင်ရှင်အမျိုးသမီးနှင့် ကလေးငယ်(၆)ဦး ဒဏ်ရာရရှိ လှိုင်တက္ကသိုလ်ဝင်း အတွင်းမှာ အကင် ဆိုင်မှ ဂက်စ်မီးဖို ပေါက်ကွဲမှုဖြစ်၊ ဆိုင်ရှင်အမျိုးသမီးနှင့် ကလေးငယ်(၆)ဦး ဒဏ်ရာရရှိ Reviewed by သစ်ထူးလွင် on 13:28 Rating: 5
Powered by Blogger.