မှော်ဘီလယ်သမားတွေကို ဦးရွှေမန်း ကတိပေး


မြန်မာနိုင်ငံရဲ့ မြေယာမြေ သိမ်းဆည်းမှု ပြဿနာတွေကို အစိုးရအပြင် လွှတ်တော်ကပါ တာဝန်ယူ ဖြေရှင်းပေးဖို့ လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဒီကနေ့ တိုက်တွန်း လိုက်ပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး မှော်ဘီမြို့နယ် အားကစားကွင်းမှာ ကျင်းပတဲ့ တောင်သူ လယ်သမားရေးရာ လူထုတွေ့ဆုံပွဲမှာ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက အခုလို ပြောကြားခဲ့တာပါ။

လယ်ယာမြေပြဿနာတွေကို လက်ရှိပြဌာန်းထားတဲ့ လယ်ယာမြေဥပဒေနဲ့အညီ ဖြေရှင်းပေးဖို့ လိုအပ်ကြောင်းနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီထံ တိုင်ကြားမှုတွေကိုလည်း ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းလည်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြောခဲ့ပါတယ်။

တောင်သူလယ်သမားရေးရာ လူထုတွေ့ဆုံပွဲကို မှော်ဘီမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖံွ့ဖြိုးရေးပါတီက ပါတီဝင်တွေနဲ့ ဒေသခံလယ်သမားတွေ တက်ရောက်ခဲ့ကြပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127
မှော်ဘီလယ်သမားတွေကို ဦးရွှေမန်း ကတိပေး မှော်ဘီလယ်သမားတွေကို ဦးရွှေမန်း ကတိပေး Reviewed by သစ်ထူးလွင် on 22:00 Rating: 5
Powered by Blogger.