မြန်မာဆန်နီဖိနပ်စက်ရုံမီးလောင်ကျွမ်းမှုအား အမှုဖွင့်အရေးယူ


ရန်ကုန်၊ ဒီဇင်ဘာ ၅

၎.၁၂.၂၀၁၄ ရက်နေ့ ၂၄၀၀ အချိန်တွင် လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၂)၊ ဦးထွန်းညို လမ်းရှိ မြန်မာဆန်နီ ဖိနပ်စက်ရုံရှိ ပေ(၁၀၀)ပတ်လည်၊ အမြင့် (၂၀)ပေခန့်ရှိ သံကူကွန်ကရစ် စတို အဆောက် အဦတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ မီးသတ်ယာဉ်များ ရောက်ရှိ ငြှိမ်းသတ်ခဲ့ သဖြင့် ၅.၁၂.၂၀၁၄ရက်န့ ၀၂၃၀ အချိန်တွင် မီးငြိမ်း သွားခဲ့ပြီး မီးလောင်မှုကြောင့် အဆိုပါ အဆောက်အဦနှင့် အတွင်း၌ သိုလှောင်ထားသည့် ဖိနပ်ချုပ်ရာတွင် အသုံးပြုသော သားရေများ၊ ဖိနပ်ပုံစံ ကော်ခွက်များ၊ စက္ကူများနှင့် ကြိုးများ၊ စုစုပေါင်တန်းဘိုးငွေကျပ် သိန်း(၄၀၀)ခန့် မီးလောင်ကျွမ်းပျက်စီးဆုံး ရှုံးခဲ့ပါသည်။

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ မီးလောင်ကျွမ်းရသည့် အကြောင်းအရင်းအား မီးသတ်ဦးစီဌာနမှ စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ယင်းသို့ မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် စက်ရုံလက်ထောက်မန်နေဂျာဖြစ်သူ ကိုထွန်းထွန်းလတ် အား လှိုင်သာယာမြို့မရဲစခန်း(ပ)၁၈၀၂/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
မြန်မာဆန်နီဖိနပ်စက်ရုံမီးလောင်ကျွမ်းမှုအား အမှုဖွင့်အရေးယူ မြန်မာဆန်နီဖိနပ်စက်ရုံမီးလောင်ကျွမ်းမှုအား အမှုဖွင့်အရေးယူ Reviewed by သစ်ထူးလွင် on 17:31 Rating: 5
Powered by Blogger.