ခရီးသွား ပြည်သူများထံမှ ငွေနှင့်ပစ္စည်းများ ဓားပြတိုက် လုယက်မှုဖြစ်ပွား

၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင်တွင် မိုင်းရှူးမှ တောင်ကြီးမြို့သို့ ခရီးသည်များ တင်ဆောင်လာသော ရဲမာန်အောင်ယာဉ်ငယ်လိုင်းမှ ယာဉ်မောင်း ဦးသန်းဝင်း မောင်းနှင်လာသည့် ယာဉ်အမှတ် ၂ဂ/၆၀၂၃ အဖြူရောင် ဗင်အမျိုးအစား ယာဉ်သည် မိုင်းနောင်-လဲချားကားလမ်းရှိ ဒေသအခေါ် အက်စ်ကွေ့သို့ရောက်ရှိစဉ် တူးမီးသေနတ်များကိုင်ဆောင်ကာ မျက်နှာတွင် သနပ်ခါးများလိမ်းထားသော ဂျင်းဘောင်းဘီအပြာ အကျီ င်္ ပြောက်ကျားဝတ် ၁ ဦးနှင့် ဂျင်းဘောင်ဘီအပြာရောင် အကျီ င်္အပြာရောင် ၀တ်ဆင်ထားသူ ၁ ဦး တို့မှ ခရီးသည်များထံမှ ငွေနှင့်ပစ္စည်းများ ဓားပြတိုက်ယူဆောင်သွားကြောင်း သိရှိရပါသည်။

အဆိုပါ ခရီးသည်များမှာ ဒေါ်ဒေါ့တင်ဝင်း (မိုင်းရှူးမြို့နယ်ပညာရေးမှူး)ထံမှ ငွေကျပ် ၅ သိန်းခန့်၊ ဒေါ်စောဝင်း အလကခွဲ(၀မ်ကန်) ကျောင်းအုပ်ဆရာမကြီးထံမှ ငါးမူးသားခန့်ရှိ ရွှေဆွဲကြိုးလော့ကတ်သီးအပါ ၁ ကုံး ငွေကျပ် ၂ သိန်းခန့်၊ ဒေါ်မြမြနွယ် (မြို့နယ်ပညာရေးမှူးရုံးစာရေး)ထံမှ ငွေကျပ် ၁ သိန်း ၃ သောင်းခန့်၊ ဒေါ်သဲသဲထွေး (ပညာရေးကောလိပ်တက်ရောက်မည့်သူ) ထံမှ ရွှေနားကပ် ၁ ရံ ငွေကျပ် ၂ သိန်းခန့် နှင့် ယာဉ်မောင်း ဦးသန်းဝင်း ထံမှ ငွေကျပ် ၁ သိန်း ၈ သောင်းခန့် တို့အား ဓားပြတိုက် ယူဆောင်သွားကြောင်း သိရှိရပါသည်။

မြ၀တီ
https://www.facebook.com/mwdmedia


ခရီးသွား ပြည်သူများထံမှ ငွေနှင့်ပစ္စည်းများ ဓားပြတိုက် လုယက်မှုဖြစ်ပွား ခရီးသွား ပြည်သူများထံမှ ငွေနှင့်ပစ္စည်းများ ဓားပြတိုက် လုယက်မှုဖြစ်ပွား Reviewed by သစ်ထူးလွင် on 20:38 Rating: 5
Powered by Blogger.