ဖိလစ်ပိုင်တွင် အဲအေးရှား လေယာဉ်တစ်စင်း ပြေးလမ်းချော်


ရန်ကုန် ဒီဇင်ဘာ ၃ဝ

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းရှိ ကာလီဘိုနိုင်ငံ တကာလေဆိပ်တွင် ယနေ့ မွန်းလွဲပိုင်းက အဲအေးရှား လေယာဉ်တစ်စင်း အရေးပေါ် ဆင်းသက်ရာတွင် ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့ကြောင်း စထရိတ်တိုင်းသတင်း စာကဖော်ပြသည်။

ပြေးလမ်းချော်ခဲ့သော လေယာဉ်မှာ မနီလာမှ ဖိလစ်ပိုင်နိုင်ငံ၏ နာမည်ကျော် ခရီးသွားနယ်မြေတစ်ခု ဖြစ်သော ကာလီဘိုသို့ လေယာဉ်ခရီးစဉ်အမှတ် ဇ ၂၂၇၂ ဖြင့် ထွက်ခွာလာသည့် လေယာဉ်ဖြစ်ပြီး ရာသီဥတုဆိုးရွားမှုကြောင့် အရေးပေါ် အခြေအနေဖြင့် ဆင်းသက်ရာတွင် ပြေးလမ်းချော်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

လေယာဉ်ပေါ်တွင် လိုက်ပါလာခဲ့သော ခရီးသည်တစ်ဦးက ကာလီဘိုလေဆိပ်ရောက်ခါနီး၌ လေတိုက်နှုန်းပြင်းထန်ခြင်းကြောင့် လေယာဉ်ကို လေယာဉ်မှူးက အရေးပေါ် အခြေအနေဖြင့် ဆင်းသက်ရန် စီစဉ်ခဲ့ကြောင်း၊ လေယာဉ်ပြေးလမ်းပေါ် ရောက်ချိန်တွင် ဘေးသို့လည်ထွက်သွားကာပြေးလမ်းဘေးရှိ မြက်ခင်းပေါ်သို့ရောက်ရှိသွားခဲ့ကြောင်း၊ လေယာဉ်အင်ဂျင်မှာ ဘေးသို့ လည်ထွက်သွားစဉ်ကတည်းက ရပ်တန့် သွားခဲ့ကြောင်းပြောသည်။

အဲအေးရှားလေကြောင်းလိုင်းက ပြေးလမ်းချော်မှုဖြစ်ပွားခဲ့ခြင်းကို အတည်ပြုခဲ့သော်လည်း ထိခိုက် ဒဏ်ရာရရှိမှု အခြေအနေကိုအတည်ပြုခဲ့ခြင်းမရှိပေ။ ဖိလစ်ပိုင်တာဝန်ရှိသူများကလည်း ထိခိုက်ဒဏ်ရာ ရရှိမှုအခြေအနေကို သတင်းအတိအကျထုတ်ပြန်နိုင်ခြင်းမရှိသေးဟုပြောကြားခဲ့ကြောင်း စထရိတ်တိုင်း ကဖော်ပြသည်။

ပြည့်ဖြိုးနိုင်
The Union Daily
http://uniondaily.net/News/DetailView.aspx…
ဖိလစ်ပိုင်တွင် အဲအေးရှား လေယာဉ်တစ်စင်း ပြေးလမ်းချော် ဖိလစ်ပိုင်တွင် အဲအေးရှား လေယာဉ်တစ်စင်း ပြေးလမ်းချော် Reviewed by သစ်ထူးလွင် on 17:44 Rating: 5
Powered by Blogger.