ISIS အုပ်စုဝင် ဗြိတိန်နိုင်ငံသားတစ်ဦး ယမ်းဘီလူး ကီလိုဂရမ် ၁၈၀၀ ဖြင့် အသေခံဖောက်ခွဲ

လန်ဒန် ၊ ၃၀-၁၁-၂၀၁၄

ဗြိတိန်နိုင်ငံသား ISIS စစ်သွေးကြွ အုပ်စုဝင် အဘူဟာဂျာ အယ်လ်ဘရီ တာနီ သည် ယမ်းဘီလူး ကီလိုဂရမ် ၁၈ဝဝ ဖြင့် မကြာသေးမီက အသေခံ ဖောက်ခွဲ တိုက်ခိုက် ခဲ့ကြောင်း ရိုက်တာ သတင်းဌာန က ဖော်ပြသည်။

၎င်းသည် ဘိုင်ဂျီမြို့တွင် အီရတ် အစိုးရ စစ်ဘက်မှ သံချပ်ကာ ကားများနှင့် အမြောက်များကို ဖျက်ဆီးရန် အတွက် ယင်းကဲ့သို့ အသေခံ ဗုံးခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ISIS တို့က ထုတ်ပြန် ကြေညာသည်။ နိုဝင်ဘာ
ပထမပတ် တွင်းက ဗြိတိန်နိုင်ငံသား ကဘာအာမက် ဆိုသူသည်လည်း အလားတူ အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

အသက် ၃၂ နှစ်ရှိ အဘူဟာဂျာ အယ်လ်ဘရီ တာနီ သည် ဗြိတိန်နိုင်ငံ မှ အီရတ်နိုင်ငံသို့ ခိုးထွက်ကာ အိုင် ISIS စစ်သွေးကြွ များနှင့် ယခုနှစ် နှစ်လယ်ပိုင်းက ပူးပေါင်း ခဲ့ကြောင်း ဗြိတိန် ထောက်လှမ်းရေး အရာရှိ တစ်ဦးက ပြောသည်။ ဗြိတိန်နှင့် အခြား ဥရောပနိုင်ငံ များမှ အစ္စလာမ် ဘာသာဝင် များသည် ISIS စစ်သွေးကြွ များနှင့်ပူးပေါင်း တိုက်ခိုက်နေသော ကိစ္စကို သက်ဆိုင်ရာ နိုင်ငံအသီးသီး က ယခုနှစ် နောက်ပိုင်းတွင် အထူး ကြပ်မတ် လုပ်ဆောင် ဖြေရှင်းပေးလျက် ရှိကြောင်း သိရသည်။

#PyiChitThar
http://www.pyichitthar.com/2014/11/isis_65.html

British ISIS fighter blows himself up in suicide mission in Iraq
Blew himself up: Abu Hajar al-Britani reportedly carried out the martyrdom mission in the strategic Iraqi town of Baiji, northern Iraq,

ISIS အုပ်စုဝင် ဗြိတိန်နိုင်ငံသားတစ်ဦး ယမ်းဘီလူး ကီလိုဂရမ် ၁၈၀၀ ဖြင့် အသေခံဖောက်ခွဲ ISIS အုပ်စုဝင် ဗြိတိန်နိုင်ငံသားတစ်ဦး ယမ်းဘီလူး ကီလိုဂရမ် ၁၈၀၀ ဖြင့် အသေခံဖောက်ခွဲ Reviewed by သစ်ထူးလွင် on 13:33 Rating: 5
Powered by Blogger.