ဗာတီကန် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး က ISIS စစ်သွေးကြွများကို ရှုပ်ချ

အန်ကာရာ ၊ ၃၀-၁၁-၂၀၁၄

ဗာတီကန် သာသနာပိုင် ပုပ်ရဟန်း မင်းကြီး ဖရန်စစ် သည် တူရကီနိုင်ငံသို့ အလည်အပတ် ရောက်ရှိစဉ် အန်ကာရာမြို့ ၌ ယမန်နေ့က ISIS စစ်သွေးကြွ များကို ရှုတ်ချခဲ့ကြောင်း အေအက်ဖ်ပီ သတင်း ဌာနက ဖော်ပြသည်။

ခရစ်ယာန် ဘာသာဝင် များကို အကြောင်းမဲ့ သတ်ဖြတ် ခဲ့သော ISIS စစ်သွေးကြွ များ၏ လုပ်ရပ်နှင့် ပတ်သက်၍ ပုပ်ရဟန်း မင်းကြီးက ရှုတ်ချ ခဲ့ခြင်းဖြစ်သည်။ ဘာသာတရား အချင်းချင်း ချစ်ကြည် ပေါင်းသင်း ဆက်ဆံမှ သာလောက ငြိမ်းအေးမှု ရရှိမည်ဟု ၄င်းက မြွက်ကြားသည်။

တူရကီနိုင်ငံ တွင် အစ္စလာမ် ဘာသာဝင် သန်း ၈ဝ ကျော်ရှိပြီး ခရစ်ယာန် ဘာသာဝင် ၁၂ဝဝဝဝ ခန့်သာ ရှိသော်လည်း ဘာသာတရား ကွဲပြားမှု အပေါ် မူတည်၍ ပြဿနာ မရှိခဲ့ကြောင်း ပုပ်ရဟန်း မင်းကြီး ဖရန်စစ် က ပြောကြား သည်။ အရှေ့ အလယ်ပိုင်း ဒေသတွင် အစ္စရေးနှင့် ပါလက်စတိုင်း အကြား ဘာသာရေး၊ လူမျိုးရေး ကွဲပြားမှုကြောင့် စစ်ပွဲများ မပြီးဆုံး နိုင်ပုံကိုလည်း ၄င်းက ဆက်လက် ထောက်ပြသည်။

ပုပ်ရဟန်း မင်းကြီးသည် အီစတန်ဘူလ်မြို့ သို့ သွားရောက်ကာ ဒေသခံ အစ္စလာမ် ခေါင်းဆောင်များ နှင့် တွေ့ဆုံကာ ဘာသာ ကိုးကွယ် ယုံကြည်သူများ အချင်းချင်း ချစ်ကြည်ရေး အတွက် ညှိနှိုင်း ဆွေးနွေး ခဲ့ကြောင်း သိရသည်။

#PyiChitThar
http://www.pyichitthar.com/2014/11/isis_29.html

Pope in 'silent adoration' in Istanbul Blue Mosque


ဗာတီကန် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး က ISIS စစ်သွေးကြွများကို ရှုပ်ချ ဗာတီကန် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး က ISIS စစ်သွေးကြွများကို ရှုပ်ချ Reviewed by သစ်ထူးလွင် on 13:32 Rating: 5
Powered by Blogger.