လည်ပင်းညှစ်ကာ ၀ါးတုတ်ချွန်နှင့် လည်ဂုတ် လည်ပင်း ထိုးသတ်မှု ဖမ်းမိ

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင်ဖြစ်ပွားခဲ့သော လူသတ်မှုမှ ပြစ်မှုကျူးလွန်သူအား ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ တိုင်ကြားပြီး(၂)နာရီအတွင်း ဖော်ထုတ် ဖမ်းဆီးရမိ

ရန်ကုန်၊ နိုဝင်ဘာ ၃၀

၂၉.၁၁.၂၀၁၄ ရက်နေ့တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေ ဦးစိန်ဖေမှ မြေးဖြစ်သူ မောင်ကောင်းခန့်နိုင်၊ (၁၆)နှစ်မှာ ပျောက်ဆုံး နေကြောင်းသိရှိရ သဖြင့် မိသားစုနှင့်အတူ လိုက်လံရှာဖွေခဲ့ရာ ၁၅၀၀ အချိန်ခန့်တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ (၄၁)ရပ်ကွက်၊ ရွှေယင်းမာလမ်းဘေး ရေမြောင်းအတွင်း၌ မြေးဖြစ်သူအား လည်ပင်းတွင် ၀ါးစိုက်ဝင်နေသော ဒဏ်ရာ(၁)ချက်နှင့် လည်ပင်း ၀ဲဘက်နောက် ထိုးသွင်းဒဏ်ရာ(၂)ချက်တို့ဖြင့် လဲကျသေဆုံး နေသည်ကိုတွေ့ရှိ ရသဖြင့် မြေးဖြစ်သူအား သေဆုံးအောင်ပြုလုပ်သူကို အရေးယူပေးရန်တိုင်တန်း လာခဲ့သဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်း(ပ)၆၆၉/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂
ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူအား စုံစမ်းဖော်ထုတ်နိုင်ရေးအတွက် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ၏ စီမံကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေး ဌာနစုမှ တပ်ဖွဲ့ဝင်များ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့မှ စုံစမ်းဆောင်ရွက်ခဲ့ရာ သေဆုံးသူနှင့် ခင်မင် ရင်းနှီးသူ ထောင်ပိ(ခ)ထောင်အုပ်လျှန်အား မသင်္ကာဖွယ်စုံစမ်းရရှိသဖြင့် ရှာဖွေဖမ်းဆီးခဲ့ရာ ၁၇၃၀ အချိန်တွင် (၄၁/တိုးချဲ့) ရပ်ကွက်အတွင်းရှိ ဦးဝိစာရ
လမ်းမပေါ်မှ တွေ့ရှိဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူ ထောင်ပိ(ခ)ထောင်အုပ်လျှန်အားစစ်ဆေးရာ ၂၈.၁၁.၂၀၁၄ ရက်နေ့ ၂၂၃၀ အချိန်ခန့်တွင် ၎င်းနှင့် ကောင်းခန့်နိုင်တို့(၂)ဦးသည် အရက်သောက်စား ခဲ့ကြကြောင်း၊ ပြီးနောက် ဦးဝိစာရလမ်းအတိုင်းပြန်လာကြစဉ် သေဆုံးသူမှ ၎င်းအား မခံချင်အောင်နောက်ပြောင်ပြောဆိုပြီး ရွှေယင်းမာလမ်း အတိုင်း ထွက်ပြေးသွားခဲ့ကြောင်း၊ ၎င်းမှ နောက်မှလိုက်သွားပြီး အခင်းဖြစ်နေရာ အရောက်တွင် လက်သီးဖြင့်ထိုးခဲ့၍ သေဆုံးသူမှာ ရေမြောင်းအတွင်းလဲကျ သွားစဉ် လည်ပင်းအားညှစ်ကာ အနီးတွင်တွေ့ရှိသော ၀ါးတုတ်ချွန်ဖြင့် လည်ဂုတ်နှင့် လည်ပင်းတို့အားထိုးခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်အရ ပြစ်မှုကျူးလွန်သူ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၁/တိုးချဲ့)ရပ်ကွက်နေ ထောင်ပိ(ခ)ထောင်အုပ်လျှန်၊ (၂၁)နှစ်အား အမှုဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ
ပါသည်။

Yangon Police
https://www.facebook.com/yangonpolice



လည်ပင်းညှစ်ကာ ၀ါးတုတ်ချွန်နှင့် လည်ဂုတ် လည်ပင်း ထိုးသတ်မှု ဖမ်းမိ လည်ပင်းညှစ်ကာ ၀ါးတုတ်ချွန်နှင့် လည်ဂုတ် လည်ပင်း ထိုးသတ်မှု ဖမ်းမိ Reviewed by သစ်ထူးလွင် on 13:35 Rating: 5
Powered by Blogger.