အင်းစိန်မြို့နယ်တွင် မော်တော်ယာဉ် မီးလောင်မှုဖြစ်

ယာဉ်ပေါ်တွင် ပုံးဖြင့် တင်ဆောင်လာသည့် ဒီဇယ်ဆီများ အိတ်ဇောပိုက်ပေါ်သို့ ဖိတ်စင်ကျရာမှ မော်တော်ယာဉ် မီးလောင်မှုဖြစ်

ရန်ကုန်၊ နိုဝင်ဘာ ၂၉

၂၉.၁၁.၂၀၁၄ ရက်နေ့ ၁၇၁၀ အချိန် အင်းစိန်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ အင်းစိန်လမ်းမကြီး၊ ဟိန္ဒူဘုရားကျောင်း အနီးတွင် မော်တော်ယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ပါသည်။

ဖြစ်စဉ်မှာ အင်းစိန်မြို့နယ်နေ စည်ပင်နေ့စားဝန်ထမ်း ယာဉ်မောင်းဖြစ်သူ ကိုသဲနောင်၊ (၂၇)နှစ် မောင်းနှင်သည့် ၁ခ/---- ISUZU ဒိုင်နာယာဉ်သည် အလုံစည်ပင်မော်တော်ယာဉ်ဌာန၀င်းမှ မြောက်ပိုင်းခရိုင်စည်ပင်ရုံးသို့ပို့ဆောင်မည့် ဒီဇယ်ဆီ(၁၅၀)ဂါလံအား ပလပ်စတစ်ပုံးများဖြင့် ထည့်ကာ တင်ဆောင် မောင်းနှင်လာစဉ် ယာဉ်ခေါင်းပိုင်းနှင့်ဘော်ဒီကြားရှိ အိတ်ဇောပိုက်ပေါ်သို့ ဆီများဖိတ်စင်ကျရာမှ အဆိုပါနေရာအရောက်တွင် မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်နှင့် မီးသတ်ယာဉ်များ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် ၁၇၁၅ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရှိရပါသည်။

ယင်းသို့ မော်တော်ယာဉ် မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် ကိုသဲနောင်အား အင်းစိန်မြို့မရဲစခန်း (ပ)၁၂၇၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice



အင်းစိန်မြို့နယ်တွင် မော်တော်ယာဉ် မီးလောင်မှုဖြစ် အင်းစိန်မြို့နယ်တွင် မော်တော်ယာဉ် မီးလောင်မှုဖြစ် Reviewed by သစ်ထူးလွင် on 03:46 Rating: 5
Powered by Blogger.