အိန္ဒိယ အမျိုးသမီးကို မီးရှို့သူကို ရဲတွေ ဖမ်းဆီး

အိန္ဒိယနိုင်ငံက ​ဆယ်ကျော်သက် ​အရွယ် ​အမျိုးသမီး တစ်ဦးကို ​အမျိုးသား ​အုပ်စုတစ်စုက ​မီးနဲ့ ​ရှို့ခဲ့ရာက ​သေဆုံးပြီးနောက် ​ပါဝင်သူ ​တချို့ကို ​ရဲတွေက ​ဖမ်းဆီးထား ပါတယ်။

ပြီးခဲ့တဲ့ ​တစ်ပါတ်တုန်းကပဲ ​အသက် ​၁၅ ​နှစ်အရွယ် ​ဆယ်ကျော်သက် အမျိုးသမီးကို ​အမျိုးသား ​အုပ်စုတစ်စု က ​မတော်မတရား ​ပြုတာကို ​ကလေးမက ​လက်မခံတဲ့ အတွက် ​အဲဒီလူတွေက ​လောင်စာတွေနဲ့ ​လောင်းပြီး ​မီးရှို့ခဲ့တာ ​ဖြစ်ပါတယ်။

အဲဒီမိန်းကလေးငယ်ကို ​ဆေးရုံတင်ခဲ့ကြပေမယ့် ​တနင်္ဂနွေနေ့တုန်းကပဲ ​ဆုံးပါးသွားခဲ့ပါတယ်။

အဲဒီ ​ပြစ်မှုအတွက် ​အမျိုးသား ​၆ ​ယောက်ကို ​ဖမ်းဆီးထားပြီး ​နှစ်ယောက်ကိုတော့ ​လိုက်လံ ​ဖမ်းဆီးနေတုန်းပဲလို့ ​ရဲတွေက ​ပြောပါတယ်။

အိန္ဒိယနိုင်ငံ ​မြောက်ပိုင်း ​Uttar ​Pradesh ​ပြည်နယ်မှာရှိတဲ့ ​ကျေးရွာတစ်ရွာက ​အဲဒီ ​မိန်းကလေးရဲ့ ​အိမ်မှာ ​အခင်းဖြစ်ပွားခဲ့တာ ​ဖြစ်ပါတယ်။

၂၀၁၂ ​ခုနှစ်တုန်းက ​ဆေးကျောင်းသူ ​တစ်ဦးကို ​အမျိုးသား ​အုပ်စု ​တစ်စုက ​ဝိုင်းဝန်း ​မတရားပြုကျင့်မှု ​ဖြစ်ပေါ်ပြီးနောက် ​အမျိုးသမီးတွေအပေါ် ​အကြမ်းဖက် ​ကျူးလွန်မှုတွေနဲ့ ​ပတ်သက်ပြီး ​အိန္ဒိယမှာ ​ပိုပြီး ​အာရုံစိုက် ​အရေးယူမှုတွေ ​ရှိလာပါတယ်။

လိင်ပိုင်းဆိုင်ရာ ​အကြမ်းဖက်မှုတွေနဲ့ ​ပတ်သက်ပြီး ​ပိုမို ​ကြီးလေးတဲ့ ​အပြစ်တွေ ​ပေးလာတဲ့ကြားကပဲ ​လိင်ပိုင်းဆိုင်ရာ ​အကြမ်းဖက်မှုတွေ ​အများအပြား ​ဖြစ်ပေါ်နေဆဲပဲလို့လည်း ​Stephanie ​March ​က ​နယူးဒေလီကနေ ​သတင်းပေးပို့ထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-11-27/1393663

အိန္ဒိယမှာ ဖြစ်ပေါ်ခဲ့တဲ့ မုဒိမ်းမှုနဲ့ ပတ်သက်ပြီး ဆန္ဒပြကြစဉ် (Credit: Reuters) 

အိန္ဒိယ အမျိုးသမီးကို မီးရှို့သူကို ရဲတွေ ဖမ်းဆီး အိန္ဒိယ အမျိုးသမီးကို မီးရှို့သူကို ရဲတွေ ဖမ်းဆီး Reviewed by သစ်ထူးလွင် on 02:25 Rating: 5
Powered by Blogger.