ပြည်ပသင်တန်း ပို့ချမှု ကော်မရှင် သတိပေး

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဖျာပုံ မြို့နယ် အဖွဲ့ခွဲ မှာ သင်တန်း ပို့ချမှု အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ မညီဘူး ဆိုပြီး အမေရိကန် ရီပတ်ဘလစ်ကန် အင်စတီကျု အဖွဲ့ (IRI )ကို ရွေးကောက်ပွဲ ကော်မရှင် က သတိပေး ချက် ပို့ခဲ့ပါတယ်။

ဒီပေးပို့စာကို စာနယ်ဇင်း ကောင်စီ ကိုပါ ပူးတွဲ ပေးပို့ ခဲ့ပေမယ့် သက်ဆိုင်ရာ ပါတီ ကိုတော့ တနဂင်္နွေ နေ့ထိ ပေးပို့ ပြောဆိုခြင်း မရှိသေးဘူးလို့ ဖျာပုံ က အမျိုးသား လွှတ်တော် အမတ် ဦးသိန်းဆွေက ဘီဘီစီကို ပြောကြား ပါတယ်။

အရင်က NLD မှာ ဒီလို နိုင်ငံတကာ သင်တန်း ပို့ချမှု တွေ ရှိခဲ့ပေမယ့် တခါမှ သတိပေး မခံရဘဲ ခုလို စာပို့ကြောင်း မီဒီယာ တွေမှာ ဖတ်ရှုရတယ်လို့ သူက ပြောပါတယ်။

တခြား နိုင်ငံရေး ပါတီ ကြီးတွေမှာ ဒီလို ပြည်ပ သင်တန်း ပို့ချမှုတွေ ရှိခဲ့ပေမယ့် သတိပေး ပြောဆိုမှုမျိုး မကြားမိဘူး လို့လည်း သိရပါတယ်။

IRI က မဲဆွယ် စည်းရုံးရေး သင်တန်း ဆိုပေမယ့် လူငယ်တွေ အသိပညာ ပေးဖို့ ရည်ရွယ် ဖွင့်လှစ်ခဲ့တာသာ ဖြစ်တယ် လို့ ဦးသိန်းဆွေက ပြောပါတယ်။

NLD အနေနဲ့ ဘယ် နိုင်ငံခြား အဖွဲ့အစည်း တွေ အကူအညီ ကိုမှ လက်မခံဘဲ ပညာပေး ဖြန့်ဖြူးဖို့ လိုအပ်တယ်လို့ ထင်မှသာ ဆောင်ရွက်ပေးတယ် လို့ သူက ဆိုပါတယ်။

နိုဝင်ဘာ လလယ်က ဖျာပုံမြို့မှာ IRI သင်တန်း ဖွင့်လှစ် ပို့ချ ခဲ့ပြီး လူ ၂ဝဝ နီးပါး တက်ရောက်တယ်လို့ သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2014/11/141130_nld_commission_iri

လူငယ်တွေ ပညာ ပေးဖို့ သင်တန်းတွေ ဖွင့်လှစ်

ပြည်ပသင်တန်း ပို့ချမှု ကော်မရှင် သတိပေး ပြည်ပသင်တန်း ပို့ချမှု ကော်မရှင် သတိပေး Reviewed by သစ်ထူးလွင် on 21:14 Rating: 5
Powered by Blogger.