အပန်းဖြေစရာ တစ်နေရာလောက် ရှာပေးပါ...

ဒီ မှာထိုင်လို့ရတယ်နော်... ဆိုဖာရှိတယ်၊ မွေ့ရာရှိတယ်၊ ပန် ကာ တပ်ပေးထားတယ်၊ အလုံခန်း နော်၊ အကယ်၍ ကန်တော်ကြီး (ယခင် တက်သေးအင်း) အနောက် ဘက်သို့ ဆိုင်ကယ်လေးဖြင့် အေး အေးလူ လူ လည်ပတ်မည်ဆို ပါလျှင်အဆိုပါ ဖိတ်ခေါ်သံများကို သေချာပေါက်ကြားရ မည်ဖြစ် သည်။

ဘာသံတွေပါလိမ့်၊ ဆိုဖာတွေ၊ မွေ့ ရာတွေ၊ ပန်ကာတွေပါသည် ဆို တော့ တစ်ခုခုတော့ တစ်ခုခု ဖြစ်ပါလိမ့်မည်၊ ဧည့်ကြိုသောသူများ၏ အသက်အရွယ်ကို ကြည့်ပါလျှင် ငါးနှစ်မှ ဆယ်နှစ်အရွယ်များဖြစ် နေသည် ဆိုတော့ စိတ်ဇဝေဇ၀ါဖြစ် ရပါလိမ့်မည်၊ ဟုတ်ကဲ့...တခြား မဟုတ်ပါ။ ချစ်သူများအတွက် နား နေရာ အဆောင်များဖြစ်ပါသည်။

တစ်ဆောင်တည်းရှိသည် မထင်ပါ နှင့်။ ကန်တော်ကြီးအနောက်ဘက် တစ်ခုလုံး ဗွက်ပေါက်မတတ် ပြည့် နှက်နေသော အဆောင်ငယ်လေး များ ဖြစ်ပါသည်။ တကယ်တော့အဆိုပါအဆောင် ငယ်များ ပေါ်လာသည်မှာ ယခုမှ မဟုတ်ပါ။ လွန်ခဲ့သော ဆယ်နှစ် ဝန်းကျင်ကတည်းက စတင်ပေါ် ပေါက် လာခဲ့ခြင်းဖြစ်သည်။ ယခု လောက်တော့မများသေးပါ။စတင် ဖွင့်လှစ်စဉ်က လက်ဖက်ရည်ဆိုင်ပုံစံ ဖွင့်လှစ်ခြင်းဖြစ်ပြီး အတွင်းဘက် တွင်အခန်းငယ်လေးများကန့်ထား ကာ ခန်းဆီးလေးများချထားသဖြင့် ချစ်သူများအဖို့ကိုယ်ပိုင်လွတ်လပ်မှု အပြည့်အဝရှိသည့်ပုံစံ ဖြစ်သော ကြောင့် လူငယ်များအကြား ထို လက်ဘက်ရည်ဆိုင်မှာ လွန်စွာနာ မည်ကြီးသည်။

နာမည်ကြီးသည့် အလျောက် လာရောက်အားပေးသူ များလည်း များပြားလှပြီး ချစ်သူ စုံတွဲများအကြား ထိုဆိုင်ထိုင်ဖို့ မထိုင်ဖို့ ဆုံးဖြတ်ရသည်မှာ အငြင်း ပွားဖွယ်ကောင်းလှသည့်ကိစ္စတစ်ခု သာဖြစ်သည်။ လူငယ်စုံတွဲများ အကြားရေပန်းစားလှသည့်အလျောက် လပြည့်လကွယ်၊ ရုံးပိတ်ရက်များ တွင် နံနက်စောစောမှ ညမိုးချုပ် အထိ ထိုင်စရာနေရာ မရှိလောက် အောင် ရေပန်းစားလှသည့်ဆိုင် ဖြစ်သည့် အားလျော်စွာ စီးပွားရေး အကွက်မြင်သူများက ယင်းဆိုင် ကဲ့သို့ ချစ်သူစုံတွဲများ လုံလုံခြုံခြုံ ထိုင်နိုင်သည့် အဆောင်ငယ်များ၊ တဲလေးများ ပုံစံတူလိုက်ဖွင့်ရာမှ ယခုဆိုလျှင် ကန်တော်ကြီးအနောက် ဘက်တွင် အဆိုပါဆိုင်များလက် ညှိုးထိုးမ လွဲအောင်ရှိ နေပြီဖြစ်သည်။ ဆိုင်နေရာနှင့် နာမည်သာပြောင်း သွားသည်။ ဆိုင်များကပေးသည့် ဝန်ဆောင်မှုမှာမူ တစ်ပုံစံတည်းသာ ဖြစ်ပြီး ဈေးနှုန်းသာ အနည်းငယ် ကွဲပြားမှုရှိပေသည်။

တစ်နာရီလျှင် ကျပ်တစ်ထောင်၊ထောင့်ငါးရာ ၊နှစ်ထောင်ဟူ၍ အခန်းအကျယ်အဝန်း၊အဲယားကွန်း၊ပန်ကာ၊ ဆိုဖာပါရှိမှု၊ မပါရှိမှုတို့ ပေါ်တွင်မူတည်၍ ဈေးနှုန်းကွဲပြားမှုရှိသည်။ တချို့ ဆိုင်များကမူ ထိုင်ခဟူ၍ သီးသန့်မယူပါ။၎င်းတို့ ရောင်းချသည့် အစားအသောက် တစ်မျိုးမျိုးကို မဖြစ်မနေစားသောက်ရသည်။ ထုံးစံအတိုင်းချစ်သူ စုံတွဲ တို့အတွက်အထူးဝန်ဆောင်မှုပေး သည့်အားလျော်စွာ ဈေးနှုန်း ကျပ် မှာလည်း အထူးမြင့်မားပါသည်။ရေသန့်ဘူးတစ်ဘူးလျှင် ကျပ်တစ်ထောင်၊သံပရာရည် တစ်ခွက်နှစ်ထောင်စသည်ဖြင့် ဈေးနှုန်း မြှင့်ထား ပြီး တစ်နေကုန်ထိုင်လိုလျှင် အစားအသောက်လေးမျိုးခန့်မှာယူစား သောက်ရမည် ဖြစ်သည်။

မန္တလေးတက္ကသိုလ် ပတ်ဝန်း ကျင်ရှိအဆိုပါ စုံတွဲဆိုင်များကမူ အနည်းငယ် အဆင့်မြင့်သည်။ အဲ ယားကွန်း၊ မွေ့ရာစသည်တို့ပါဝင် သည့်အလျောက်ဈေးနှုန်းကလည်း သုံးလေးထောင်ယူပါသည်။ တချို့ ဆိုင်များကမူ ဝိနည်းလွတ် Minicinema ဟူ၍ အမည် ပေးထားသည်။

တစ်နာရီလျှင် ကျပ်နှစ်ထောင်၊ နှစ်ထောင့်ငါးရာယူပြီး အခန်းတွင်း တွင် တီဗွီအောက်စက် ထားပေး ကာ ကြည့်လိုသည့် အခွေများကို ယူလာရုံသာဖြစ်သည်။ ရတနာပုံ တက္ကသိုလ် အရှေ့ဘက်ထန်းတော များတွင်လည်း ထန်းရွက်မိုး၊ ထန်း ရွက်ကာထားသည့် ရိုးရာတဲလေး များရှိပြီး ဝါးကုလားထိုင် အကြီး ကြီး တစ်လုံး ချပေးထားသည်။ တက္ကသိုလ်အနောက်ဘက်ကျောက် တော်ကြီးဘုရားနားတွင်မူမြေကွက် လပ် ကျယ်ကျယ်တွင် ဘန်ဂလိုတဲ ငယ်လေးများ ထိုးပေးထားသည်။

ခြုံငုံပြောရလျှင်မူ စုံတွဲဆိုင်များမှာ တက္ကသိုလ်ကျောင်းသားကျောင်းသူ များ ကျင်လည်ကျက်စားရာ နေရာ များတွင် ဒုနဲ့ဒေးတည်ရှိနေပြီဖြစ် ကာ အားပေးသူများနှင့် စည်ကား လှပေသည်။ ခေတ်စနစ်အပြောင်း အလဲအရ ချစ်သူစုံတွဲများ၏ စောင့် စည်းမှုများလည်း ပြောင်းလဲသွားပြီ ဟု မြို့ခံလူကြီးများက သုံးသပ်ကြ သည်။ တို့ငယ်စဉ်က ယင်းကဲ့သို့ ဖြစ်စဉ်များ မရှိသလောက် နည်းပါး သည် ဟုဆိုကြသည်။

တချို့ကတော့ အဆိုပါ စုံတွဲ ဆိုင်များ၏ ကောင်းမှုကြောင့် မလို လားသော ကိုယ်ဝန်များရရှိကာ ငယ်ငယ်ရွယ်ရွယ်နှင့် အပျိုရည် ပျက်ကြသည်ဟုဆိုကြသည်။သို့ဆို လျှင် မေးစရာရှိသည်မှာ ချစ်သူစုံ တွဲများအတွက် မန္တလေးမြို့တွင် အပန်းဖြေနေရာရှိသေးပါသလား၊ မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီကရောလူငယ်လူရွယ် များအတွက် ကောင်းမွန်လုံခြုံစွာ အပန်းဖြေနိုင်သည့် နေရာများ လုံ လောက်စွာ ဖန်တီးပေးထားပြီလား ဆိုသည့် မေးခွန်းသာဖြစ်သည်။ မန္တလေး ကန်တော်ကြီးကို ပြန်ကြည့်ချင်ပါသည်။

လွန်ခဲ့သော ဆယ်နှစ်ကျော်က အများပြည်သူ အပန်းဖြေနိုင်၊ ရှုခင်းကြည့်နိုင်သော နေရာငယ်တစ်ခုကိုစည်ပင် ကဖန်တီး ပေးဖူးပါသည်။ ကန်တော်ကြီး၏ တောင်ဘက်တွင်တည်ရှိပြီး ညနေ ဆိုလျှင်ရှုခင်းလာကြည့်သူများ၊အေး အေးလူလူ စကားပြောကြသူများ ဖြင့် စည်ကားလှပေသည်။ ညပိုင်း ဆိုလျှင် အပျော်တမ်းတီးဝိုင်းများ ရှိသကဲ့သို့ အဆိုပါ အပျော်တမ်း အခမဲ့တီးဝိုင်းများကိုစိတ်ရောကိုယ် ပါ လာရောက်အားပေးသည့် စုံတွဲ များ၊ လူငယ်လူရွယ်များဖြင့် ကန် တော်ကြီး ညချမ်းများမှာ အသက် ဝင်လှပါသည်။

သို့သော်လည်းယခု အခါတွင်တော့ထိုနေရာတွင် Café tower ဟူသော အမည်ဖြင့် လက်ဘက်ရည်ဆိုင်အကြီးကြီး ဖွင့်လှစ် ထားပြီး ရောင်းချသည့် ဈေးနှုန်း များမှာလည်း လက်ဘက်ရည်တစ် ခွက်လျှင်ကျပ်သုံးရာ၊ အသုပ်တစ်ပွဲ လျှင် ကျပ်တစ်ထောင် စသည်ဖြင့် မြင့်မားလှသည်။သာမန်လူများအဖို့ နေ့စဉ်ထိုင်ရန် မလွယ်ကူ သည့်ဈေးနှုန်း များဖြစ်ပါသည်။

ထို့အတူပင် ယင်း နေရာအနီးတွင်ပင်ကန်တော်ကြီး ပန်းခြံဟူ၍ ဆောက်လုပ်ပေးထား ပါသည်။ အစပိုင်းက သပ်ရပ်သန့် ရှင်းစွာရှိသော်လည်း ယခုအခါတွင် တော့ အခြေအနေမဲ့များ ဝင်ရောက် နေထိုင်သည်ကို တွေ့မြင်နေရသကဲ့ သို့ ပန်းခြံမှာ အပန်းဖြေရန်နေရာ မဟုတ်ဘဲ အပေါ့စွန့်ရန်နေရာသာ ဖြစ်နေတော့သည်။ ညအချိန်တွင် ပန်းခြံစောင့်ဝန်ထမ်းဟူ၍ ထင်ထင် ရှားရှားလည်း မရှိသည့်အလျောက် အဘယ်စုံတွဲက ဝင်ရောက်အပန်း ဖြေရဲပါမည်နည်း။ အမှန်တကယ်အားဖြင့် လူငယ် စုံတွဲများသည်လည်း ဆိတ်ကွယ်ရာ စုံတွဲအိမ်များသို့ မသွားလိုကြပါ။ ကန်တော်ကြီးလမ်းဘေး တစ်လျှောက် တွင် ညနေခင်း၊ ညခင်းအချိန်တွင် အေးအေးလူလူထိုင်ကြပါသည်။

သို့သော်လည်း နောက်ပိုင်းတွင် ထို စုံတွဲများအား အုပ်စုဖွဲ့ငွေညှစ်သူများ၊ ပစ္စည်းလုသူများ ပေါများလာရုံ သာမက ပိုက်ဆံမပေးလျှင် အနားက မခွာဘဲ တောင်းသောကလေးငယ် အုပ်စုများလည်း လွန်စွာများပြား လာပါသည်။ လွန်ခဲ့သော နှစ်နှစ်ဆယ်ခန့်က စုံတွဲများအေးအေးလူလူ ထိုင်လေ့ရှိသော လက်ပံပင်ကြီး များ တသီတတန်းကြီးရှိသည့် တာရိုး ကြီးမှာလည်း ယခုအခါ လုံခြုံမှု မပေးတော့ပါ။ ထိုအခါတွင်တော့ ငွေကျပ် တစ်ထောင်ပေးလျှင် တစ် နာရီခန့် အေးအေးဆေးဆေး စကား ပြောနိုင်သော စုံတွဲအိမ်များသို့သာ ပြန်ခြေဦးလှည့် ကြတော့သည်။

ဤသို့ဖြင့်ပင် ကန်တော်ကြီး အနောက်ခြမ်း၌စုံတွဲအိမ်များ ယခုထိ ပန်းပန်နေဆဲ ဖြစ်ပါသည်။ ထိုစုံတွဲအိမ်များလည်း ပိတ်သည့် ရက် တော့ရှိပါသည်။ လူကြီးလမ်းကြောင်းရှိသည့်အချိန်တွင်ဧည့်လက်မခံပါ။ ကျန်သည့်အချိန်များ တွင်တော့ တရားမဝင်သော်လည်း တရားဝင် နားလည်မှုဖြင့်ပင် ဖွင့်လှစ်နေကြဆဲ ဖြစ်သည်။ ဘုရား ကျောင်းကန်သွားရင် ရတာပဲဟုတချို့က ထောက်ပြပါလိမ့်မည်။ ဘုရားဂေါပကတော်တော်များများက စုံတွဲများဝင်လာ လျှင် မျက်စိဒေါက်ထောက်ကြည့် ကာ သမီးရည်းစားသဘာဝ လက်ချင်းချိတ်လျှင်ပင် မကြည်လင်သည့် အမူအရာပြနေကြသည်။

အေးအေး လူလူထိုင်၍ ပခုံးလေးဖက်ရန် ကြံစည်လိုက်လျှင် ဘုရားပရိဝုဏ် အတွင်း မသင့်တော်သောအပြုအမူများမလုပ်ရန် လာရောက် ကြိမ်း မောင်းပါလိမ့်မည်။မြို့တော်ပန်းခြံ၊ မနော်ရမံ ပန်းခြံများ၊ ရတနာပုံ တိရစ္ဆာန် ဥယျာဉ်များသို့ သွား ရောက်မည် ဆိုလျှင်လည်း ဆိုင် ကယ်အပ်ခ၊ ပန်းခြံဝင်ခဖြင့်ပင် အဆင်မပြေတော့ပါ။ ၆၂လမ်းရှိ အများပြည်သူ အခမဲ့ လွပ်လပ်စွာ အပန်းဖြေနိုင်သည့် နေရာမှာလည်း တစ်ချက်လောက် လာရောက် ကြည့်စေလိုသည်။ ဟာလာဟင်း လင်း ကွင်းပြင်တွင် အပင်ပေါက်စလေး ငါးပင်သာရှိသည့် ထိုင်စရာ နေရာမရှိသော ပန်းခြံတစ်ခုဖြစ်သည်။ ပန်းခြံနှင့်ကပ်ရပ်တွင် လူသွားလူလာ စည်ကားလှသော ၆၂ လမ်းမကြီး ရှိပါသည်။

အဘယ် မိန်းကလေးသည် လူတကာ လှမ်းကြည့်လျှင် မြင်နိုင်သောကွင်းပြင် ကြီးတစ်ခုတွင် သူမ၏ ချစ်သူနှင့် စိတ်အေးလက်အေးထိုင်နိုင်ပါမည် နည်း။ ထို့အတူပင် မန္တလေးမြို့ တောင်ဘက် ရွေကြက်ယက်သစ် ဆိပ်အနီးတွင်ပန်းခြံတစ်ခုဆောက်လုပ်ပေးထားပါသည်။ မသုတ်သင် မရှင်းလင်းသည်မှာ ကြာပြီဖြစ်သော ကြောင့် မြက်ပင်ချုံပုတ်များ ထူထပ်စွာရှိနေသည့် ပန်းခြံတစ်ခုတွင် ချိန်းတွေ့ရန်မှာတော်တော်ခက်ခဲ သည့် ကိစ္စတစ်ခုသာဖြစ်ပါလိမ့်မည်။

နိဂုံးချုပ်အားဖြင့် ပြောရလျှင် သမီးရည်းစားများအကြား မဖြစ် သင့်သည့်ကိစ္စရပ်များ မဖြစ်စေရန် အတွက်လုံခြုံစိတ်ချရသည့် အပန်း ဖြေနေရာများကို တာဝန်ရှိသူများ အနေဖြင့် ဖန်တီးပေးရန်လိုအပ်ပါ သည်။ ပန်းခြံတစ်ခုကို ဖန်တီး ပေးပြီးလျှင် လည်း နောက်ဆက်တွဲ လိုအပ်ချက်များပြည့်စုံအောင်အ ချိန် နှင့် တစ်ပြေးညီ ဖြည့်ဆည်းပေးရန် လိုအပ်ပါသည်။ သို့မဟုတ်လျှင်မူ အာရုံထွေပြားစရာ များလှသော ယနေ့ခေတ်ကြီးတွင် မည်သို့ပင် တားမြစ်စေကာမူ ငယ်ရွယ်သူများ အနေဖြင့် စုံတွဲအိမ်များသို့သာ နောက်ဆုံးရောက်သွားရမည်ဖြစ်ပါ ကြောင်း အသိပေးရေးသားအပ်ပါ သည်။

စိုးကြီး
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764?fref=nf


အပန်းဖြေစရာ တစ်နေရာလောက် ရှာပေးပါ... အပန်းဖြေစရာ တစ်နေရာလောက် ရှာပေးပါ... Reviewed by သစ်ထူးလွင် on 19:20 Rating: 5
Powered by Blogger.