သိန္နီမြို့တွင် အကြမ်းဖက်သမားဟု ယူဆရသူ ၄ ဦး ဖမ်းမိ

ရှမ်းပြည်နယ်၊ သိန္နီမြို့က အေးရှားဝေါ တိုးဂိတ်မှာ နိုဝင်ဘာ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက အကြမ်းဖက်သမား လို့ ယူဆရသူ ၄ ဦးကို ဖမ်းမိပြီး အဲ့ဒီသူတွေကို ပြည်နယ်အထူး သတင်းတပ်ဖွဲ့ဝင်တွေက ညတွင်းချင်း မန္တလေးကို ခေါ်ဆောင်သွား ပါတယ်။

သိန္နီရဲစခန်းက ဒီလူ ၄ ဦး ဖမ်းမိတာ ဟုတ်မှန်ကြောင်း ဒီဗွီဘီကို ပြောပေမယ့် အသေးစိတ်ပြော ဆိုဖို့တော့ ငြင်းပါတယ်။ “သိန္နီမြို့က အေးရှားဝေါ ဂိတ်မှာမိတာ၊ သတင်းရလို့ ဖမ်းတာဗျ၊ လေးယောက်။”

သိန္နီမြို့နယ်အမတ် စိုင်းဝင်းခိုင်ကလည်း ဒီသတင်းမှန် ကန်ကြောင်း ပြောပါတယ်။ “အဲ့ဒီ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ပေါ့။ သူတို့က မှတ်ပုံတင်မပါတာ ၃ယောက်၊ ၁ ယောက်ကတော့ မှတ်ပုံတင်ပါတယ်။ ဘင်္ဂါလီလူမျိုးလေးယောက်ကို ဒီက တာဝန်ရှိပုဂ္ဂိုလ်တွေက ဖမ်းဆီးလိုက်တယ်။ သူတို့ဟာ အကြိမ်းဖက်သမားလို့ ယူဆရတဲ့အတွက် မန္တလေးကို တခါ တည်း ခေါ်ဆောင် သွားပါတယ်။”

သိန္နီမှာ မူးယစ်ဆေးနဲ့ တရားမ၀င်သစ်ခိုးထုတ်တာမျိုး မကြာခဏ ဖမ်းမိလေ့ရှိပေမယ့် အခုလိုမျိုး အကြမ်းဖက်သမားလို့ ယူရသူတွေ ဖမ်းမိတာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ သူတို့ ၄ ဦးဟာ လားရှိုးကနေ မူဆယ်သွားတဲ့ ခရီးသည်တင်ကားနဲ့ လိုက်ပါလာကြသူတွေ ဖြစ်တယ်လို့ ဆိုတယ်။

ပြည်တွင်းမှာ အာဆီယံထိပ်သီးစည်းဝေးပွဲမတိုင်မီက အာအက်စ်အို ဖောက်ခွဲရေးသမား ၄ ဦး ၀င်ရောက်လာတာ သတင်းရတယ်ဆိုပြီး သက်ဆိုင်ရာက ဓာတ်ပုံတွေနဲ့ တကွ ထုတ်ပြန်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ (အာအက်စ်အို) အဖွဲ့ဝင် သန်းဝင်း၊ အိုစမာ (ခ)ဒါဝတ်၊ အာဇက်(ခ)အမင်းနဲ့ အီစမိုင် (ခ) ဇော်ဝင်း ဖောက်ခွဲရေးသမား ၄ ဦးကို တွေ့ရှိရင် အကြောင်းကြားဖို့ နယ်မြေခံရဲတပ်ဖွဲ့တွေက ဓာတ်ပုံတွေနဲ့တကွ ကြေညာထားတာပါ။ အာအက်စ်အို အဖွဲ့ဟာ ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်က ရှိခဲ့တဲ့ (ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့)ရဲ့ အတိုကောက်နာမည်ဖြစ်ပါတယ်။

အခု သိန္နီမှာ ဖမ်းမိသူ ၄ ဦးဟာ အဲ့ဒီသူတွေ ဟုတ် မဟုတ် မသိရသေးဘဲ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောခွင့်ရှိသူ ဦးဝင်းခေါင်ကိုလည်း ဆက်သွယ်မေးမြန်းအတည်ပြုလို့ မရသေးပါဘူး။

By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/71079

ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသူ ၄ ဦး

သိန္နီမြို့တွင် အကြမ်းဖက်သမားဟု ယူဆရသူ ၄ ဦး ဖမ်းမိ သိန္နီမြို့တွင် အကြမ်းဖက်သမားဟု ယူဆရသူ ၄ ဦး ဖမ်းမိ Reviewed by သစ်ထူးလွင် on 17:04 Rating: 5
Powered by Blogger.