ပုပ်ရဟန်းမင်းကြီး ထိပ်တန်းမွတ်စလင်ခေါင်းဆောင်နှင့် ယှဉ်တွဲ ၀တ်ပြု

တူရကီနိုင်ငံကို ၃ ရက်ကြာ အလည်အပတ် ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီး Francis ဟာ မနေ့က အထင်ကရဗလီပြာကြီးကို ရောက်ရှိခဲ့ပြီး ထိပ်တန်း မွတ်စလင် ခေါင်းဆောင်နဲ့ ယှဉ်တွဲဝတ်ပြုခဲ့ပါတယ်။

၁၇ ရာစု ဗလီကြီးထဲမှာ မွတ်စလင်ဘာသာရေးခေါင်းဆောင်နဲ့တွဲပြီး ၂ မိနစ်ကြာ ၀တ်ပြု ဆုတောင်း ခဲ့ပါတယ်။ အစ္စလာမ်ဘာသာကို ရိုသေလေးစားမှု၊ ဘာသာကြီး ၂ ခုကြား ရင်းနှီးချစ်ကြည်မှုကို ပြသအားပေး ခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်က အရင် ပုပ်ရဟန်းမင်းကြီး Benedict အခုလို ၀တ်ပြုဆုတောင်းခဲ့တုန်းက ရှေးရိုးစွဲ ကတ်သလစ်ဘာသာဝင်တွေနဲ့ မွတ်စလင်တချို့က ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။

၁၆၁၆ ခုနှစ်က ဖွင့်လှစ်ခဲ့တဲ့ ဗလီပြာကြီးဟာ ဆူတန်အာမက်ဗလီလို့လည်း လူသိပ်များပြီး တူရကီနိုင်ငံရဲ့ အထင်ရှားဆုံး ရှေးဟောင်းဗလီကြီး ဖြစ်ပါတယ်။

အဲ့ဒီနောက် ပုပ်ရဟန်းမင်းကြီးဟာ ရှေးဟောင်းခရစ်ယာန်ဘုရားကျောင်းကြီးတခုဖြစ်ခဲ့တဲ့ Aya Sofya ပြတိုက်ကိုလည်း သွားရောက်ခဲ့ပါတယ်။

သွားရောက်ရာ လမ်းတလျှောက်မှာ ရာနဲ့ချီတဲ့ ခရီးသွားတွေက တူရကီအလံတွေ၊ ဗာတီကန်အလံတွေကို ဝှေ့ရမ်းပြီး ပုပ်ရဟန်းမင်းကြီးကို နှုတ်ဆက်ခဲ့ကြပါတယ်။

Aya Sofya ပြတိုက်ကြီးဟာ ၁၄၅၃ အော်တိုမန်အင်ပါယာခေတ်မှာ ဗလီကြီးအဖြစ် ပြောင်းလဲခံခဲ့ရပါသေးတယ်။ Aya Sofya ပြတိုက်ကြီးကို ဗလီကြီးအဖြစ် မွတ်စလင်ဘာသာဝင်တချို့က ပြန်လည်ပြောင်းလဲချင်ကြတာလည်းရှိပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no/archives/72356

ယှဉ်တွဲ ၀တ်ပြုဆုတောင်းစဉ် (ဓာတ်ပုံ – အေအက်ဖ်ပီ)

ပုပ်ရဟန်းမင်းကြီး ထိပ်တန်းမွတ်စလင်ခေါင်းဆောင်နှင့် ယှဉ်တွဲ ၀တ်ပြု ပုပ်ရဟန်းမင်းကြီး ထိပ်တန်းမွတ်စလင်ခေါင်းဆောင်နှင့် ယှဉ်တွဲ ၀တ်ပြု Reviewed by သစ်ထူးလွင် on 13:32 Rating: 5
Powered by Blogger.