ကလေးငယ်(၂)ဦး ဂက်စ်မီးခြစ်ဖြင့် ဆော့ကစားရာမှ မီးလောင်မှုဖြစ်

နေအိမ်တွင် လူကြီးများမရှိခိုက် ကလေးငယ်(၂)ဦး ဂက်စ်မီးခြစ်ဖြင့်ဆော့ကစားရာမှ မီးလောင်မှုဖြစ်

နေပြည်တော်၊ နိုဝင်ဘာ ၂၉

၂ဝ၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့ နေ့လယ် ၂ နာရီခွဲအချိန် မကွေးတိုင်း ဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ နှောကန်ကျေးရွာနေ ဦးထွန်းနိုင်(၃၂)နှစ်၏နေအိမ်တွင် လူကြီးများမရှိခိုက် နေအိမ် အောက်ထပ်ရှိ မီးဖိုကျင်းအတွင်း ဦးထွန်းနိုင်၏သားဖြစ်သူ မောင်ကျော်ဝင်းလှိုင်(၄)နှစ်နှင့် တစ်ရွာတည်းနေ ဦးခင်မောင်စိုး၏သားဖြစ်သူ မောင်သန်းဇော်လှိုင်(၅)နှစ်တို့ ၂ ဦး ဂက်စ်မီးခြစ်အားခြစ်၍ ဆော့ကစား ရာမှ မီးဖိုအားကာရံထားသည့် ထန်းရွက်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ပြီး ပတ်ဝန်းကျင်ရှိနေအိမ် များသို့ ကူးစက်လောင်ကျွမ်းခဲ့ရာ ရေနံချောင်းမြို့နယ်ရဲတပ်ဖွဲ့ဝင်မှတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေ ပြည်သူများ၏ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ညနေ ၃ နာရီ ၄ဝ မိနစ် အချိန် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ဦးထွန်းနိုင်၏ (၃*၃)ပင် ထရံကာ/ထန်းရွက်မိုး/ဝါးကြမ်းခင်းနေအိမ်ပါ(၇)လုံး၊ ဒေါ်အေးဆန်း(၄၃)နှစ်၏ (၄*၄)ပင် ထရံကာ/ သွပ်မိုး/ဝါးကြမ်းခင်းနေအိမ်ပါ(၃)လုံးနှင့် ဦးတင်အောင်(၆၇)နှစ်၏ (၄*၄)ပင် ပျဉ်ကာ/သွပ်မိုး/ပျဉ်ခင်း နေအိမ်ပါ(၂)လုံး၊ စုစုပေါင်းနေအိမ်(၁၂)လုံး၊ တန်ဘိုးငွေကျပ်(၁,၁ဝ၅,ဝဝဝိ/-)ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး လူဦးရေ ကျား(၂၅)ဦး၊ မ(၂၉)ဦး၊ စုစုပေါင်း(၅၄)ဦး အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့သဖြင့် နှောကန်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိကာ ဦးထွန်းနိုင်အား လက်မှတ်ကုန်းနယ်မြေ ရဲစခန်း(ပ)၆၅/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia


ကလေးငယ်(၂)ဦး ဂက်စ်မီးခြစ်ဖြင့် ဆော့ကစားရာမှ မီးလောင်မှုဖြစ် ကလေးငယ်(၂)ဦး ဂက်စ်မီးခြစ်ဖြင့် ဆော့ကစားရာမှ မီးလောင်မှုဖြစ် Reviewed by သစ်ထူးလွင် on 21:42 Rating: 5
Powered by Blogger.