တရုတ်နိုင်ငံမြို့တော်ပေကျင်း၌ ဆေးလိပ်သောက်သုံးမှုပိတ်ပင်မည်

ပေကျင်း နိုဝင်ဘာ ၂၉

တရုတ်နိုင်ငံ မြို့တော်ပေကျင်း၌ ပေကျင်းမြို့တော် တာဝန်ရှိသူများ၏ အစီအမံများအရ ဆေးလိပ် သောက်သုံးသူ အားလုံးအား အများပြည်သူနှင့် ဆိုင်သောနေရာ အားလုံးတွင် ဆေးလိပ် သောက်သုံးခြင်းကို ပိတ်ပင်ဖွယ်ရှိသည်။

စီးကရက် ကြော်ငြာခြင်းကို ရုပ်ရှင်၊ မဂ္ဂဇင်း၊ သတင်းစာဂျာနယ်နှင့်အများပြည်သူများနှင့်ဆိုင်သော နေရာများအားလုံး ပိတ်ပင်လိုက်ပြီဖြစ်၍ ကျယ်ကျယ်ပြန့်ပြန့်တားဆီးပိတ်ပင်မှုဖြစ်လာသည်။

တရုတ်နိုင်ငံတွင် ဆေးလိပ်သောက်သုံးသူ သန်း၃ဝဝ နီးပါးရှိကြောင်း ခန့်မှန်းထားသည်။ ယခင်ကလည်း ပိတ်ပင်ရန်ကြိုးစားခဲ့ရာ အောင်မြင်မှုမရဘဲ အဆုံးသတ်ခဲ့သည်။

အဆိုပါ ဆေးလိပ်သောက်သုံးမှု ပိတ်ပင်ခြင်းကို လာမည့်နှစ်ဇွန်လ တွင်စတင်ဖွယ်ရှိပြီး ကနဦးအနေဖြင့် မြို့တော်ပေကျင်း၌သာ ဆောင်ရွက်ဖွယ်ရှိသည်။ သို့သော်လည်း တာဝန်ရှိသူများအနေဖြင့် သန်းပေါင်း ၁၃ဝဝ ကျော် ပြည်သူများအတွက် နိုင်ငံ၏ ကျန်သောဒေသများ၌လည်း ပိတ်ပင်မှုများ ဆက်လက်ပြုလုပ်ဖွယ်ရှိသည်။

ယင်းပိတ်ပင်မှုအရ ဆေးလိပ်သောက်သုံးခြင်းကို ဘတ်စ်ကားများပေါ်၌လည်းကောင်း၊ အလုပ်၊ ဆေးရုံ၊ ကျောင်းပတ်ဝန်းကျင်တို့၌ လည်းကောင်း ပိတ်ပင်သွားမည်ဟု သိရသည်။ တရုတ်ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ၂ဝ၁၁ ခုနှစ်က ဟိုတယ်နှင့်စားသောက်ဆိုင်များကဲ့သို့သော ကျန်းမာရေးနေရာများ၌ ဆေးလိပ်သောက်ခြင်းကို ပိတ်ပင်ထားသည်။

(ဘီဘီစီ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS?fref=nf


တရုတ်နိုင်ငံမြို့တော်ပေကျင်း၌ ဆေးလိပ်သောက်သုံးမှုပိတ်ပင်မည် တရုတ်နိုင်ငံမြို့တော်ပေကျင်း၌ ဆေးလိပ်သောက်သုံးမှုပိတ်ပင်မည် Reviewed by သစ်ထူးလွင် on 03:46 Rating: 5
Powered by Blogger.