တားမြစ်ဆိုးဆေး သုံးစွဲခြင်းရှိမရှိ ရန်ကုန်တိုင်း ဈေးများတွင် စစ်ဆေးပြီးဟုဆို



Share/Bookmark
ဈေးတွေမှာ ရောင်းချနေတဲ့ စားသောက်ကုန်တွေနဲ့ အလှကုန်တွေမှာ တားမြစ်ဆိုးဆေး သုံးထားခြင်း ရှိ မရှိကို အစား အသောက်နဲ့ ဆေးဝါး ကွပ်ကဲရေးဌာနက ရွေ့လျား ဓာတ်ခွဲခန်းတွေ သုံးပြီး လိုက်လံ စစ်ဆေး နေတာ ရန်ကုန်တိုင်း ထဲရှိတဲ့ ဈေးတွေအားလုံးမှာ စစ်ဆေး ခဲ့ပြီးပြီလို့ ဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းဇော်က ပြောပါတယ်။

ကားပေါ်မှာ ဓာတ်ခွဲခန်းဖွင့်ပြီး ကွင်းဆင်းစစ်ဆေးခဲ့ရာမှာ ငရုတ်သီးအရောင်တင်မှုန့်လို စားသောက်ကုန် တွေမှာ တားမြစ်ဆိုးဆေးသုံးတာ စစ်ဆေးတွေ့ရှိရပြီး လက်ဖက်မှာ ဆိုးဆေးသုံးတာ သိပ်မတွေ့ ရတော့ ဘူးလို့ ဒေါက်တာထွန်းဇော်က ပြောပါတယ်။

“ဥပမာအနေနဲ့ ပြောမယ်ဆိုရင် ငရုတ်သီးအရောင်တင်မှုန့်၊ ဆနွင်းမှုန့်၊ မျှစ်၊ လက်ဖက် ငါးပိတို့လို စားသောက်ကုန်တွေမှာ အများဆုံးတွေ့ရပါတယ်။ လက်လုပ်ချဉ်တချို့တလေမှာလည်း တားမြစ်ဆိုးဆေးသုံးတာ တွေ့ရပါတယ်။ နို့တို့၊ ပြည်ကြီးငါးတို့ကျ မပုပ်မသိုးအောင်ဆိုပြီး ဖော်မလင် သုံး မသုံး မိုဘိုင်းဓာတ်ခွဲခန်းမှာ အကုန်စစ်လို့ရပါတယ်။ သိသိသာသာ ထင်ထင်ရှားရှား ဖြစ်တဲ့ဟာပြောမယ်ဆိုရင် လက်ဖက်မှာဆို တော်တော်ကြီးလျော့နည်းသွားပြီး တားမြစ်ဆေး မသုံးတော့ဘူးလို့တော့ ပြောမရပေမယ့် အရင်ထက်စာရင် လျော့နည်းသွားတယ်။”

ကားဓာတ်ခွဲခန်းနဲ့ စစ်ဆေးလို့ မရတဲ့ စားသောက်ကုန်နဲ့ အလှကုန်တို့ကိုတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အထိုင်ဓာတ်ခွဲခန်းတွေရှိရာကို ပို့ဆောင် စစ်ဆေးတယ်လို့လည်း ပြောပါတယ်။

အလှကုန်ပစည်းတွေမှာတော့ အသားဖြူစေတဲ့ ချွတ်ဆေး သုံး မသုံး အဓိကစစ်ဆေးတာ ဖြစ်ပါတယ်။

ဈေးရှေ့ကားရပ်ပြီး ဓာတ်ခွဲ စစ်ဆေးတွေ့ရှိချက်အဖြေတွေကို သက်ဆိုင်ရာဈေးတာဝန်ခံတွေနဲ့ ဈေးသည်တွေကို တခါတည်း ပေးခဲ့ပြီး ဈေးစည်ပင်ပိုင်းက လိုအပ်သလို ဆက်လက် လုပ်ဆောင်စေတာ ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ အစီအစဉ်နဲ့ ဓာတ်ခွဲခန်းကား နှစ်စီးသုံးပြီး ရန်ကုန်၊ ပဲခူး၊ တောင်ငူမြို့တို့မှာ လုပ်ဆောင်ခဲ့ပြီး လတ်တလော မန္တလေးဈေးတွေမှာ လိုက်လံစစ်ဆေးနေပါတယ်။ ပြီးရင် နေပြည်တော်နဲ့ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတို့ကို လိုက်လံစစ်ဆေးသွားမှာလည်း ဖြစ်ပါတယ်။

အစားအသောက် ထုတ်လုပ်ရာမှာ ကျန်းမာရေးဝန်ကြီးဌာနက တားမြစ်ထားတဲ့ ဓာတုဆိုးဆေးများ လုံးဝ အသုံးမပြုဖို့နဲ့ မလိုက်နာပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈ (က) အရ တရားစွဲဆိုအရေးယူ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/72395

ဈေးဆိုင်တခုတွင် စစ်ဆေးမှု ပြုလုပ်နေစဉ်



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ