ပါကစ္စတန်မှာ ပိုလီယို ဆေးဝန်ထမ်း ၄ ဦး ပစ်သတ်ခံရ

ပါကစ္စတန် နိုင်ငံ အနောက်တောင်ပိုင်း ဘာလူချစ္စတန် ပြည်နယ်မှာ ပိုလီယို ရောဂါ ကာကွယ်ဆေး လိုက်ထိုးပေးနေတဲ့ ဝန်ထမ်းတွေကို သေနတ်သမား တစ်ယောက်က ပစ်ခတ်ခဲ့လို့ ၄ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရသွားပါတယ်။

ပစ်သတ် ခံခဲ့ရသူ ၄ ဦးမှာ ၃ ဦးက အမျိုးသမီးတွေ ဖြစ်ကြပြီး ဒဏ်ရာရသူ ၃ ဦးဟာလည်း အမျိုးသမီးတွေ ဖြစ်ကြပါတယ်။

ပြီးခဲ့တဲ့ နှစ်နှစ်တာ ကာလအတွင်း ပိုလီယို ရောဂါ တိုက်ဖျက်ရေး ဝန်ထမ်း ၆၀ ကျော် အသတ် ခံခဲ့ရပြီး တိုက်ခိုက်မှု အများစုဟာ အစ္စလာမစ် အစွန်းရောက်တွေရဲ့ လက်ချက် ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

ကမ္ဘာပေါ်မှာ ပိုလီယို ရောဂါ အမြစ် မပြတ်သေးတဲ့ နိုင်ငံ ၃ နိုင်ငံသာ ကျန်ရှိတော့ပြီး တခြား ၂ နိုင်ငံ ကတော့ နိုင်ဂျီးရီးယားနဲ့ အာဖဂန် နစ္စတန်တို့ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese/world/2014/11/141126_pakistan_polio_workers_killed


ပါကစ္စတန်မှာ ပိုလီယို ဆေးဝန်ထမ်း ၄ ဦး ပစ်သတ်ခံရ ပါကစ္စတန်မှာ ပိုလီယို ဆေးဝန်ထမ်း ၄ ဦး ပစ်သတ်ခံရ Reviewed by သစ်ထူးလွင် on 08:58 Rating: 5
Powered by Blogger.