ချယ်ရီကူးတို့ ရေယာဉ်သုံးစင်း ရေပန့်ပျက်၍ ရပ်နားလိုက်ရ

ဒလ-ပန်းဆိုးတန်းကူး ချယ်ရီကူးတို့ ရေယာဉ်သုံးစင်း ရေပန့်ပျက်

ရန်ကုန် နိုဝင်ဘာ ၁၆

ဒလ-ပန်းဆိုးတန်း သင်္ဘောကူးတို့ ရေယာဉ်သည် နိုဝင်ဘာ ၁၆ ရက်က ဒလမှ ရန်ကုန်သို့ သွားလာကြသော ခရီးသွားများအား စတင်သယ်ယူပို့ဆောင် ပေးခဲ့သော GICA မှ လှူဒါန်းသည့် ချယ်ရီကူးတို့ ရေယာဉ်သုံးစင်းလုံး ရေပန့် ပျက်စီး၍ ရပ်နားလိုက်ရသဖြင့် ယခင်ပြေးဆွဲနေသော ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးပိုင် အနော်ရထာနှင့် ကျန်စစ်သား ရေယာဉ်များက အစားထိုးသယ် ယူပို့ဆောင် ပေးခဲ့ရကြောင်း သိရသည်။

''ယနေ့ည ၉ နာရီအခေါက်တွင် ကျန်စစ်သားရေယာဉ်ဖြင့် ဒလဘက်ကမ်းမှ ပန်းဆိုးတန်း သင်္ဘောဆိပ်ကမ်းသို့ လိုက်ပါလာခဲ့ရာ ချယ်ရီကူးတို့ရေယာဉ် သစ်တွေက ရေပန့်ပျက်စီးသွားလို့ ကျွန်တော်တို့ ရေယာဉ်တွေအစားထိုးပြေးဆွဲ ပေးခဲ့ရတယ်၊ သူတို့ရေယာဉ်စက်ပိုင်းတွေ တည်ဆောက်ထားပုံက ကျွန်တော်တို့ ရေယာဉ်တည်ဆောက်ပုံနဲ့မတူဘူး။ သူတို့နိုင်ငံက မြစ်ရေကကြည်ပြီး အမှိုက်တွေရှင်းလင်းတဲ့ပုံစံနဲ့ တည်ဆောက်ထားတာ။ ဒီမှာက အမှိုက်တွေနဲ့ နုန်းအနည်တွေများတာကြောင့် ရေပန့်ပျက်စီးသွားရတာလို့ သိရပါတယ်'' ဟု ရေယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

နံနက်ပိုင်းတွင် ချယ်ရီ-၁ နှင့် ချယ်ရီ-၂ စတင်ပြေးဆွဲခဲ့ရာ နံနက် ၉ နာရီ အခေါက်တွင် ချယ်ရီ-၁ ရပ်နားခဲ့ရပြီး မွန်းတည့် ၁၂ နာရီအခေါက်တွင် ချယ်ရီ-၂ ရပ်နားခဲ့ရကြောင်းနှင့် ညနေ ၅ နာရီကျော်အခေါက်တွင် ချယ်ရီ-၃ ရပ်နားခဲ့ရကြောင်း သိရသည်။

သန်းဌေး(ဒလ)

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS?fref=nf


ချယ်ရီကူးတို့ ရေယာဉ်သုံးစင်း ရေပန့်ပျက်၍ ရပ်နားလိုက်ရ ချယ်ရီကူးတို့ ရေယာဉ်သုံးစင်း ရေပန့်ပျက်၍ ရပ်နားလိုက်ရ Reviewed by သစ်ထူးလွင် on 04:40 Rating: 5
Powered by Blogger.