လေဖြတ်နေတဲ့ မိခင်ကို သားဖြစ်သူက အရက်ဖိုးတောင်းမရလို့  ထိုးကြိတ်ရိုက်နှက်ရာက သေဆုံး

ရန်ကုန်တိုင်း ဒေသကြီး ကျောက်တန်းမြို့ နယ် ခနောင်ကျေးရွာမှာ လေဖြတ်ထားလို့ အိပ်ရာထဲ လဲနေတဲ့ မိခင်ဖြစ်သူကို သားဖြစ်သူက အရက်ဖိုးတောင်းရာ မပေးတာကြောင့် ထိုးကြိတ် ရိုက်နှက်ရင်း သေဆုံးသွား ကြောင်း သစ်ထူးလွင်မှ သတင်းရရှိပါတယ်။

နိုဝင်ဘာလ ၁၆ရက်နေ့ က ခနောင်ကျေးရွာ၊ ရွာလယ်ပိုင်း၊ ဖိုးရာဇာလမ်း နေ ဒေါ်ခင်မာဝေ အသက်(၅၂)နှစ် (လေဖြတ်ထား၍ အိပ်ရာထဲတွင်လဲနေသူ)အား သားဖြစ်သူ မောင်ဝေလင်းထွန်း (ခ) ရာဇာ၊ (၁၉)နှစ်က အရက်သောက်ဖို့ အတွက် ပိုက်ဆံတောင်းရာ မိခင်ဖြစ်သူ ဒေါ်ခင်မာဝေမှ မပေးတာကြောင့် လက်သီးနဲ့ ထိုးကြိတ်၊ သစ်သားတုတ်နဲ့ ရိုက်နှက်ခဲ့ကြောင်း သိရပါတယ်။

မိခင်ကို ထိုးကြိတ်ရိုက်နှက်နေတာကို တွေ့ ရှိတဲ့ အိမ်နီးချင်းဖြစ်သူ ဦးဖိုးဆယ်က ခနောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေ ကို အကြောင်းကြားပြီး သွားရောက် ကြည့်ရှုရာ ဒေါ်ခင်မာဝေမှာ ထိုးကြိတ်ရိုက်နှက်ခံထား ရတဲ့ ဒဏ်ရာများနဲ့ သေဆုံးနေပြီ ဖြစ်ပါတယ်။

ဒေါ်ခင်မာဝေအား ဒဏ်ရာများရရှိ သေဆုံးအောင်ပြုလုပ်သူ မောင်ဝေလင်းထွန်း (ခ) ရာဇာအား အရေးယူပေးရန် ဦးမြင့်ဆွေမှ တရားလိုပြုလုပ် တိုင်တန်းတာကြောင့်  နမစ တံတား (ပ) ၅၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ပြီး အမှုစစ် လ ၁၉၇၀၇၀ ရဲအုပ်ထွန်းထွန်း(စခမ၊ နမစ တံတား)မှ တရားခံအား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သစ်ထူးလွင်မှ စုံစမ်းသိရှိရပါတယ်။

BY THIT HTOO LWIN

လေဖြတ်နေတဲ့ မိခင်ကို သားဖြစ်သူက အရက်ဖိုးတောင်းမရလို့  ထိုးကြိတ်ရိုက်နှက်ရာက သေဆုံး လေဖြတ်နေတဲ့ မိခင်ကို သားဖြစ်သူက အရက်ဖိုးတောင်းမရလို့  ထိုးကြိတ်ရိုက်နှက်ရာက သေဆုံး Reviewed by သစ်ထူးလွင် on 02:44 Rating: 5
Powered by Blogger.