ကရင်အမျိုးသားရဲတပ်ဖွဲ့ (KPF) ရဲမှူး ၁ ဦးအပါအ၀င် ၅ ဦး သတ်ဖြတ်ခံရ

အောက်တိုဘာ - ၃၁ - ၂၀၁၄

ကရင်အမျိုးသား အစည်းအရုံး KNU လက်အောက်ခံ ဒူးပလာယာခရိုင်က မြို့နယ်ဒုရဲမှူး တဦး အပါအ၀င် တပ်ဖွဲ့ဝင် ၅ ဦး ဒီလ ၂၃ ရက်နေ့က သတ်ဖြတ်ခံရတဲ့ အတွက် တာဝန်ရှိသူတွေကို အရေးယူပေးဘို့ ကျန်ရစ်သူ မိဘဆွေမျိုး သားချင်းတွေက တောင်းဆိုမှုတွေ လုပ်သွားမယ်လို့ သိရပါတယ်။

သေဆုံးသူတွေထဲက မိခင်ဖြစ်သူတဦးကတော့ ဒီအမှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကို အရေးယူပေးဘို့ လုပ်ဆောင်သွားမှာဖြစ်တယ် အခုဖြစ်တာက ကိုယ့်အချင်းချင်း သတ်လို့သေရတာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီးတော့ ကရင်အမျိုးသား အစည်းအရုံးက တာဝန်ရှိ သူတွေကတော့ တစုံတရာထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။

သတ်ဖြတ်ခံရတဲ့ ဆွေမျိုး သားချင်း တွေပြောတာ ကတော့ ဒီလ ၂၃ ရက်နေ့က တပ်စခန်းတခုမှာ ချုပ်နှောင်ခံရပြီးမှာ အဲဒီနေ့မနက် ၁၁ နာရီဝန်းကျင်လောက်မှာ သတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။

သေဆုံးသူဒုရဲမှူးစောသိန်းဦး (၄၅)နှစ်ဟာ အဖဦးအောင်ထွေးကျော် ရဲ့ သားဖြစ်ပြီး (ထွီးမောင်ထို) ရွာဇာတိဖြစ်ပါတယ်လို့ သိရပါတယ်။

အဲဒီဒေသအတွင်းက ဒေသခံတွေကတော့ အခုဖြစ်တဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး အတော့ကိုတုန်လှုပ်မိတယ်လို့ ပြောဆိုကြပါတယ်။

ကရင်အမျိုးသား(မီဒီယာ)
https://www.facebook.com/profile.php?id=100004061645399

ပုံစာ - သတ်ဖြတ်ခံရသူဒူးပလာယာခရိုင်က(KPF) မြို့ နယ်ရဲမှူးစောသိန်းဦး။


ကရင်အမျိုးသားရဲတပ်ဖွဲ့ (KPF) ရဲမှူး ၁ ဦးအပါအ၀င် ၅ ဦး သတ်ဖြတ်ခံရ ကရင်အမျိုးသားရဲတပ်ဖွဲ့ (KPF) ရဲမှူး ၁ ဦးအပါအ၀င် ၅ ဦး သတ်ဖြတ်ခံရ Reviewed by သစ်ထူးလွင် on 10:18 Rating: 5
Powered by Blogger.