IS စစ်သွေးကြွ ၁၈၀ ကို တူရကီ လွတ်ပေး


အကျဉ်းသားခြင်း ​ဖလှယ်တဲ့အနေနဲ့ ​တူရကီနိုင်ငံက ​IS ​စစ်သွေးကြွအဖွဲ့ဝင် ​စစ်သား ​အယောက်ပေါင်း ​၁၈၀ ​ကို ​IS ​အဖွဲ့ရဲ့ ​လက်ထဲ ​ပြန်လည်အပ်နှံလိုက်ကြောင်း ​ဗြိတိန်သတင်းတွေမှာ ​ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့လတုန်းကပဲ ​ဂျီဟတ်ဒစ် ​သမားတွေကနေ ​သုံးလကြာ ​ဖမ်းဆီးခံထားရတဲ့ ​တူရကီ ​ကောင်စစ်ဝင် ​အမှုထမ်း ​၄၆ ​ယောက် ​ပြန်လည် ​လွတ်မြောက်လာတဲ့အပေါ် ​တူရကီအစိုးရက ​ကြိုဆိုမှုတွေ ​လုပ်ခဲ့ပါတယ်။

အဲဒီတုန်းက ​ဘာကြောင့်၊ ​ဘယ်လို ​လွတ်လာသလဲ ​ဆိုတာကို ​တူရကီအစိုးရက ​ပြောဆိုထားခြင်းမရှိသလို ​သူတို့အနေနဲ့ ​ပြန်ပေးဆွဲသမားတွေကို ​ငွေကြေးတွေ ​မပေးခဲ့ရဘူးလို့ ​ပြောဆိုခဲ့ဖူးပါတယ်။

အခုအခါမှာတော့ ​ဗြိတိန်အခြေစိုက် ​Times ​သတင်းစာအရ ​တူရကီက ​IS ​အဖွဲ့ဝင် ​အကျဉ်းသား ​အယောက် ​၁၈၀ ​နဲ့ ​ဖလှယ်တာဖြစ်ပြီး ​အဲဒီအထဲမှာ ​ဗြိတိန်နိုင်ငံသား ​သုံးဦး ​ပါဝင်တယ်လို့ ​ဖော်ပြထားပါတယ်။

အဲဒီ ​သတင်းဟာ ​ယုံကြည်ရတဲ့ ​သတင်းဖြစ်တယ်လို့ ​ပြောဆိုနေကြသလို ​ဗြိတိန်နိုင်ငံခြားရေး ​ဝန်ကြီးဌာနကလည်း ​ပြန်လွတ်မြောက်လာသူ ​IS ​အဖွဲ့ထဲမှာ ​အသက် ​၁၈ ​နှစ်အရွယ် ​ဗြိတိန်နိုင်ငံသား ​တစ်ဦး ​ပါဝင်တယ်လို့ ​အတည်ပြုပေးခဲ့ပါတယ်။

အဲဒီ ​ဗြိတိန်နိုင်ငံသားဟာ ​မနှစ်ကတည်းက ​တူရကီနိုင်ငံမှာ ​ပျောက်ဆုံးသွားသူ ​ဖြစ်ကြောင်း ​အေဘီစီ ​သတင်းထောက် ​Mary ​Gearin ​က ​လန်ဒန်မြို့ကနေ ​သတင်းပေးပို့ထားပါတယ်။

အမေရိကန်က ​IS ​အဖွဲ့ကို ​ရဟတ်ယာဉ်နဲ့ ​ပထမအကြိမ် ​စတင်တိုက်ခိုက်

အမေရိကန်က ​စစ်လေယာဉ်တွေနဲ့ ​IS ​တပ်ဖွဲ့ကို ​တိုက်ခိုက်နေသလို ​Apache ​တပ်ဆင်ထားတဲ့ ​စစ်ရဟတ်ယာဉ်တွေကို ​အသုံးပြုပြီးတော့လည်း ​တိုက်ခိုက်မှု ​လုပ်နေပါတယ်။

အီရတ်နိုင်ငံ ​Fallujah ​မြို့အနားမှာ ​ကူညီ ​တိုက်ခိုက်မှု ​လုပ်ပေးဖို့ ​အီရတ်စစ်တပ်က ​တောင်းဆိုတဲ့အတွက် ​လုပ်ပေးတာ ​ဖြစ်ပါတယ်။

ဒီရဟတ်ယာဉ်တွေဟာ ​အမြင့် ​ပေ ​၁၅၀ ​လောကမှာသာ ​ပျံသန်းတဲ့အတွက် ​စစ်သွေးကြွတွေက ​မြေပြင်ကနေ ​လက်နက်ကြီးတွေနဲ့ ​ပစ်ခတ် ​တိုက်ခိုက်နိုင်တဲ့အတွက် ​ပိုပြီး ​အန္တရာယ်များတဲ့ ​လုပ်ရပ် ​ဖြစ်ပါတယ်။

စစ်လေယာဉ်တွေဟာ ​အမြင့်ပေ ​၃၀၀၀၀ ​လောက်မှာ ​ပျံသန်းပြီး ​တိုက်ခိုက်မှု ​လုပ်နေတဲ့အတွက် ​စိုးရိမ်စရာ ​သိပ်မရှိပေမယ့် ​ရဟတ်ယာဉ်တွေကို ​IS ​ပစ်ခတ်နိုင်တဲ့အတွက် ​ဒီကိစ္စကို ​ဆွေးနွေးနေကြပါတယ်။

ဒါပေမဲ့ ​ရဟတ်ယာဉ်နဲ့ ​တိုက်ခိုက်မှု ​လုပ်တာက ​ပိုပြီး ​ထိရောက်တယ်လို့လည်း ​ရှုမြင်နေကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-10-07/1376223

အမေရိကန်ရဲ့ Apache တင်ဆောင်ထားတဲ့ ရဟတ်ယာဉ် (Credit: AFP) 

IS စစ်သွေးကြွ ၁၈၀ ကို တူရကီ လွတ်ပေး IS စစ်သွေးကြွ ၁၈၀ ကို တူရကီ လွတ်ပေး Reviewed by သစ်ထူးလွင် on 07:35 Rating: 5
Powered by Blogger.