Facebook ပို့စ်ကြောင့် ဆရာတဦး အသရေဖျက်မှုဖြင့် တရားစွဲခံရ

မြ၀တီမြို့တွင် အသက်မပြည့်သေးသူ မိန်းကလေးတဦးအား ကာမလိမ်လည်ရယူ ပေါင်းသင်းပြီး စွန့်ပစ်ထားခဲ့ခြင်းကို မခံမရပ်နိုင်သော ပြည်သူတဦးက Facebook စာမျက်နှာပေါ် တင်လိုက်သဖြင့် ၎င်းဖြစ်စဉ်နှင့် ပတ်သက်နေသည့် အမျိုးသားက Facebook တင်သူကို အသရေဖျက်မှုဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရသည်။

အသက်မပြည့်သေးသူမိန်းကလေးအား ကာမလိမ်လည်ရယူပေါင်းသင်းပြီး စွန့်ပစ်ထားမှုသတင်းကို အောက်တိုဘာလ (၂၈)ရက်နေ့ထုတ် အတွဲ(၉)၊ အမှတ်(၂၃) News Watch ဂျာနယ်စာ(၂၇)တွင် သတင်းဖော်ပြခဲ့ပြီးဖြစ်သလို မြ၀တီမြို့ နယ် တရားရုံးတွင် လက်ရှိတရားရင်ဆိုင်နေသည့်အမှုလည်း ဖြစ်သည်။ အဆိုပါအမှုတွင် မိန်းကလေးဘက်မှ မခံမရပ်နိုင်ဖြစ်သော ပြည်သူတဦးက မြ၀တီမြို့၊ အမှတ် (၃)ရပ်ကွက်၊ ဗိုလ်တောက်ထိန်လမ်း အမှတ်(က/၃၈၆)နေ စာသင်ပြပေးနေသော ဦးဝင်းချိုဆိုသူ၏အမည်ဖြင့် Facebook စာမျက်နှာပေါ် တင်လိုက်ရာ ဆရာဦးဝင်းချိုမှာ ဘုမသိဘမသိဖြင့် ယခုအခါ မြ၀တီမြို့နယ်တရားရုံးတွင် ပုဒ်မ(၅၀၀)ဖြင့် အမှုရင်ဆိုင်နေရသည်ဟု ဆိုသည်။

“ကျွန်တော်က (၁၀)တန်းကလေးတွေကို စာသင်ပြပေးနေတဲ့ ဆရာတဦးလည်းဖြစ်သလို ရပ်မိ/ရပ်ဖလည်းဖြစ် တော့ ကျွန်တော့်ကို လူသိများတယ်။ ဒါကြောင့် ကျွန်တော့်အမည်ကိုအသုံးပြုပြီး ပြည်သူတဦးက မှာတင်လိုက် တာဖြစ်ပါတယ်။ ကျွန်တော်တင်တာတော့ မဟုတ်ပါဘူး။ ဒါကို အဲဒီအမှုနဲ့ပတ်သက်နေသူက ကျွန်တော်တင်ပါတယ်ဆိုပြီး အသရေဖျက်မှုနဲ့ မြို့နယ်တရားရုံးမှာ တရားစွဲတဲ့အတွက် ပုဒ်မ-၅၀၀နဲ့ အမှု ရင်ဆိုင်နေရတာပါ။ ဒီအမှုက လက်ရှိမြို့ နယ်တရားရုံးမှာ တကယ်ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ တင်တဲ့လူကလည်း လုပ်ကြံ လိမ်လည်ပြီး Facebook စာမျက်နှာမှာ တင်လိုက်တာတော့ မဟုတ်ပါဘူး။ ဒါကို တရားသူကြီးက လက်ခံလိုက်တဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်”ဟု တရားရင်ဆိုင်နေရသူ ရပ်မိ/ရပ်ဖ ဆရာဦးဝင်းချိုက News Watch သို့ ပြောသည်။

သက်ဦးနိုင်(မြ၀တီ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal?fref=nf


Facebook ပို့စ်ကြောင့် ဆရာတဦး အသရေဖျက်မှုဖြင့် တရားစွဲခံရ Facebook ပို့စ်ကြောင့် ဆရာတဦး အသရေဖျက်မှုဖြင့် တရားစွဲခံရ Reviewed by သစ်ထူးလွင် on 18:35 Rating: 5
Powered by Blogger.