Burkina Faso ဆန္ဒပြသူတွေ လွှတ်တော်ကို မီးရှို့

အနောက်အာဖရိကမှာ ​ရှိတဲ့ ​Burkina ​Faso ​နိုင်ငံမှာ ​သမ္မတကို ​မကျေမနပ်ဖြစ်ရာက ​ဆန္ဒပြသူတွေက ​လွှတ်တော်အဆောက်အဦးနဲ့ ​နိုင်ငံပိုင် ​ရုပ်မြင်သံကြား ​ရုံးချုပ်ကိုလည်း ​မီးရှိုးဖျက်ဆီးခဲ့ပါတယ်။

Burkina ​Faso ​နိုင်ငံကို ​၂၇ ​နှစ်ကြာ ​အုပ်ချုပ်လာတဲ့ ​သမ္မတက ​သူ့ရဲ့ ​သမ္မတ ​သက်တမ်း ​ထပ်မံ ​တိုးဖို့ ​ကြိုးစားနေတာကို ​မကျေနပ်တဲ့အတွက် ​ဆန္ဒပြသမား ​ရာနဲ့ချီက ​လွှတ်တော်ထဲဝင်ပြီး ​အကြမ်းဖက်ခဲ့ ကြတာပါ။

သမ္မတ ​သက်တမ်းကို ​တိုးသင့်မသင့် ​ဆုံးဖြတ်မှု ​မလုပ်ခင်မှာပဲ ​ဆန္ဒပြမှု ​ဖြစ်ပွားခဲ့တာပါ။

ဆန္ဒပြသူတွေက ​ကွန်ပြူတာတွေ၊ ​ရုပ်မြင်သံကြားတွေ ​ယူဆောင်ကြသလို ​ရဲတွေ ​သုံးတဲ့ ​ဆိုင်ကယ်တွေကိုလည်း ​ယူဆောင်ပြီး ​ပါလီမန်ကို ​မီးရှို့ခဲ့ကြတာလို့ ​ရိုက်တာ ​သတင်းမှာ ​ဖြော်ပထားပါတယ်။

အစိုးရရဲ့ ​ရဟတ်ယာဉ် ​တစ်စင်းကတော့ ​မိုးပေါ်ကနေပြီး ​မျက်ရည်ယိုဗုံးတွေနဲ့ ​လူစုခွဲခဲ့ရပါတယ်။

အဲဒီလို ​အကြမ်းဖက် ​ဆန္ဒပြမှု ​ဖြစ်ပေါ်ပြီးနောက် ​ အစိုးရကို ​ဖျက်သိမ်းကြောင်းနဲ့ ​အရေးပေါ် ​အခြေအနေ ​ကြေညာလိုက်ပြီဖြစ်ကြောင်း ​သမ္မတက ​ကြေညာလိုက်သလို ​ဒီအချိန်ကစပြီး ​ဆုံးဖြတ်ချက်တွေကို ​စစ်တပ်ရဲ့ ​လက်ထဲ ​လွဲအပ်ပြီလို့ ​သမ္မတက ​ကြေညာခဲ့ပါတယ်။

ဒါ့အပြင် ​အတိုက်အခံအဖွဲ့နဲ့ ​ဆွေးနွေးမှု ​လုပ်မယ်လို့လည်း ​ပြောလိုက်ပါတယ်။

ဆန္ဒပြသူတွေကတော့ ​၂၇ ​နှစ်ကြာ ​အုပ်ချုပ်လာတဲ့ ​သမ္မတကို ​နောက်ထပ် ​မလိုလားတဲ့အတွက် ​အခုလို ​လုပ်ဆောင်ရတာလို့ ​ပြောပါတယ်။

Burkina ​Faso ​ဟာ ​အနောက်အာဖရိကမှာ ​တည်ရှိပြီး ​အိမ်နီးချင်းနိုင်ငံတွေကတော့ ​နီဂျဲ၊ ​မာလီ၊ ​ဂါနာ ​အစရှိတဲ့ ​နိုင်ငံတွေ ​ပါဝင်ပြီး ​လူဦးရေ ​၂၇ ​သန်းလောက် ​ရှိတဲ့နိုင်ငံ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-10-31/1385203

ပါလီမန်ကို ဝင်ရောက် စီးနှင်းကြတဲ့ ဆန္ဒပြသူများ (Credit: AFP) 

Burkina Faso ဆန္ဒပြသူတွေ လွှတ်တော်ကို မီးရှို့ Burkina Faso ဆန္ဒပြသူတွေ လွှတ်တော်ကို မီးရှို့ Reviewed by သစ်ထူးလွင် on 08:38 Rating: 5
Powered by Blogger.