တရုတ် အရာရှိ အိမ်မှာ ဒေါ်လာ ၃၃ သန်း ပမာဏ ဖမ်းမိ

တရုတ် နိုင်ငံမှာ အဂတိ လိုက်စားမှုနဲ့ ပတ်သက်ပြီး ငွေကြေး ပမာဏ အများဆုံး ဖမ်းဆီးရမိမှု အဖြစ် အရာရှိ တစ်ဦးရဲ့နေအိမ်ကနေ အမေရိကန် ဒေါ်လာ ၃၃ သန်းနဲ့ ညီမျှတဲ့ တရုတ် ငွေစက္ကူ ယွမ် သန်း ၂၀ဝ ကျော်ကို သိမ်းဆည်း ရမိခဲ့တယ်လို့ သတင်း ရရှိပါတယ်။

အမျိုးသား စွမ်းအင် စီမံခန့်ခွဲရေး ထိပ်တန်း အရာရှိ တစ်ဦး ဖြစ်တဲ့ မစ္စတာ Wei Pengyuan ရဲ့ နေအိမ်ကနေ သိမ်းဆည်း ရမိတာ ဖြစ်ပြီး သူ့ကို ပြီးခဲ့တဲ့ မေလ ကတည်းက လာဘ်ယူမှုနဲ့ ဖမ်းဆီး စစ်ဆေးနေတာ ဖြစ်ပါတယ်။

တရုတ် နိုင်ငံရဲ့ အဂတိမှုတွေကို တိုက်ဖျက်ဖို့ တရုတ် သမ္မတ ရှီကျင်းပင်က ကတိပြု ထားခဲ့ပါတယ်။

အခုနှစ် ၂၀၁၄ တစ်နှစ်တည်းမှာ ပထမ ၉ လ အတွင်း ခြစားမှုနဲ့ ပြစ်ဒဏ် ချမှတ် ခံရတဲ့ တရုတ် အရာရှိပေါင်း ၁၃၀ဝ၀ ကျော် ရှိသွားပြီ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/10/141031_china_corruption_record_cash

သောင်းနဲ့ ချီတဲ့ တရုတ် အရာရှိတွေ အဂတိမှုနဲ့ စစ်ဆေးခံရ

တရုတ် အရာရှိ အိမ်မှာ ဒေါ်လာ ၃၃ သန်း ပမာဏ ဖမ်းမိ တရုတ် အရာရှိ အိမ်မှာ ဒေါ်လာ ၃၃ သန်း ပမာဏ ဖမ်းမိ Reviewed by သစ်ထူးလွင် on 22:04 Rating: 5
Powered by Blogger.