ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ခရီးသည်တင် မှန်လုံယာဉ်က စက်ဘီးအား ၀င်ရောက်တိုက်မိ

နေပြည်တော်၊ အောက်တိုဘာ ၆

၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့ ည ၁၁ နာရီအချိန် ပဲခူးတိုင်း ဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်- မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၂၁/၅-၆)ကြား၌ ယာဉ်တိုက်မှုဖြစ် ပွားကြောင်း သတင်းအရ ဗောဓိကုန်း အမြန်လမ်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ က သက်သေများနှင့် အတူ သွားရောက် စစ်ဆေး ခဲ့သည်။

စစ်ဆေးချက်အရ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့၊ ကံသာရပ်ကွက်နေ နေလင်းထွန်း(၃၁)နှစ် မောင်းနှင်လာသော ၈စ/xxxx ““မင်းလက်ဝါး”” ခရီးသည်တင်မှန်လုံယာဉ်သည် ရှေ့မှ စက်ဘီးစီးနင်း နေသည့် အုတ်တွင်းမြို့နယ်၊ ညောင်လွင့်ကျေးရွာနေ ရဲမင်းလတ်(ခ)ပေါက်ချောင်း(၁၈)နှစ်အား ၀င်ရောက်တိုက်မိခဲ့ကြောင်း သိရှိရသည်။

ထိုသို့တိုက်မိမှုကြောင့် ““မင်းလက်ဝါး”” ခရီးသည်တင်မှန်လုံ ယာဉ်ပေါ်ပါခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ စက်ဘီးစီးနင်းသူ ရဲမင်းလတ်(ခ)ပေါက်ချောင်းမှာ ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သောကြောင့် နေလင်းထွန်းအား ဗောဓိကုန်း အမြန်လမ်းရဲစခန်း ယာဉ်(ပ)၃၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia


ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ခရီးသည်တင် မှန်လုံယာဉ်က စက်ဘီးအား ၀င်ရောက်တိုက်မိ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ခရီးသည်တင် မှန်လုံယာဉ်က စက်ဘီးအား ၀င်ရောက်တိုက်မိ Reviewed by သစ်ထူးလွင် on 03:37 Rating: 5
Powered by Blogger.