ဟာဝိုင်ယီက ပေါက်ကွဲ မီးတောင်ချော်ရည် လူနေရပ်ကွက်များကို ရောက်ပြီ

အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ်က အကြီးဆုံးကျွန်းပေါ်မှာ ပေါက်ကွဲနေဆဲ မီးတောင်က ချော်ရည်စီး ကြောင်းဟာ လူနေရပ်ကွက်တွေနဲ့ စိုက်ပျိုးမြေတွေနားကို အောက်တိုဘာ ၂၉ ရက်နေ့က စတင်ဖြတ်စီး နေပါတယ်။

စိုက်ပျိုးရေး ရွာလေး ပါဟိုအာရဲ့ ဒါဇင်နဲ့ချီတဲ့ အိမ်တွေဟာ  ၁ နာရီ ၄၅ ပေနှုန်းနဲ့ စီးထွက်လာတဲ့ ချော်ရည်ပူတွေ စီးရာလမ်းကြောင်းပေါ် ရောက်နေပါတယ်။

အပူချိန် ၂၁၀၀ ဒီဂရီဖာရင်ဟိုက်ထိပူတဲ့ ချော်ရည်တွေဟာ အောက်တိုဘာ ၃၀ ရက်နေ့မှာ လူအယောက် ၈၀၀ လောက်နေတဲ့ ကြံစိုက်ရွာလေးကနေ မြို့ကို သွားတဲ့ အဓိကလမ်းကို ရောက်ဖို့ ကိုက် ၁၅၀ လောက်ပဲ လိုတော့တာပါ။

မဖြစ်မနေ နေရာရွှေ့ပြောင်းရမယ့် အမိန့်ကို မထုတ်ပြန်ထားပါဘူး။ ဒါပေမယ့် လူအားလုံးကတော့ နောက်ဆုံးမိနစ်ထိ စောင့်ပြီး ရွှေ့ပြောင်းကြဖို့ အကုန်အသင့်ပြင်ပြီးပြီလို့ ရွာသားတွေနဲ့ တွေ့ခဲ့တဲ့ အရပ်ဘက်ကာကွယ်ရေး ခေါင်းဆောင် ဒါရီ အိုလီဗီယာက ပြောပါတယ်။

သင်တန်းဆင်း အမျိုးသား အစောင့် တပ်ဖွဲ့ဝင် ၈၃ ယောက်လည်း မနေ့က ရောက်လာပါပြီ။ ချော်ရည်ပူတွေက မီးတိုင်တွေကို ပျက်စီးစေနိုင်လို့ ဒေသခံတွေ မီးမရှိဘဲ နေရနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

၁၉၈၃ ခုနှစ်တည်းက အဆက်မပြတ် ပေါက်ကွဲနေတဲ့ ကီလာဝယ်အာ မီးတောင်ဟာ ဇွန်လ ၂၇ ရက်က ချော်ရည်တွေ စထွက်လာခဲ့တာပါ။ ၂၀၁၂ တုန်းကလည်း ချော်ရည်တွေကြောင့် အိမ်ခြေတွေ ပျက်စီးခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/69437


ဟာဝိုင်ယီက ပေါက်ကွဲ မီးတောင်ချော်ရည် လူနေရပ်ကွက်များကို ရောက်ပြီ ဟာဝိုင်ယီက ပေါက်ကွဲ မီးတောင်ချော်ရည် လူနေရပ်ကွက်များကို ရောက်ပြီ Reviewed by သစ်ထူးလွင် on 19:21 Rating: 5
Powered by Blogger.