ငွေကြေး ရင်းနှီးမြှုပ်နှံသူများ ဒေါ်လာဘက်သို့ လှည့်လာ

ရန်ကုန် ၊ ၃၀-၁၀-၂၀၁၄

ပြည်တွင်း၌ သာမက ပြည်ပဈေးကွက် များတွင်ပါ ရွှေဈေးနှုန်း များမှာ ကျဆင်းသွားပြီး အမေရိကန် ဒေါ်လာငွေ လဲလှယ်နှုန်းမှာ မြင့်တက် လာခဲ့ရာ မြန်မာနိုင်ငံ တွင်လည်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ခြောက်သိန်း ခြောက်သောင်းကျပ် ခန့်ထိ ကျဆင်းသွားပြီး အမေရိကန် ဒေါ်လာ ငွေလဲနှုန်းမှာမူ ယခုရက်ပိုင်း တွင် ပြင်ပ ဈေးကွက်၌ တစ်ဒေါ်လာလျှင် မြန်မာငွေကျပ် ၁၂၀၀ နီးပါးအထိ မြင့်တက် လာခဲ့သည်။

ထိုသို့ ဒေါ်လာဈေး မြင့်တက် လာရခြင်းမှာ ကမ္ဘာ့ ရွှေဈေးကွက် တွင် ရွှေထုတ်လုပ်မှု ပမာဏ များပြားလာခြင်း၊ ရွှေဝယ်လိုအား ကျဆင်း သွားခြင်း တို့ကြောင့် ရွှေဈေးနှုန်း မှာလည်း ကျဆင်း သွားသဖြင့် အမေရိကန် ဒေါ်လာ ရောင်းဝယ်ရေး ဘက်သို့ ပြောင်းကာ ငွေကြေး ရင်းနှီးမြှုပ်နှံ မှုများ ပြုလုပ်လာကြ သည့်အတွက် ကြောင့် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ ရှိ ကုမ္ပဏီကြီး များနှင့် ဆက်စပ်လျက် ရှိသော ပြင်ပငွေလဲ ဈေးကွက်မှ ဒေါ်လာဝယ် - ရောင်း အကျိုးဆောင် တစ်ဦး ကလည်း ''နိုင်ငံတကာမှာ ရွှေဈေးတွေက ဆက်တိုက်ကျ နေတော့ အခု လောလောဆယ် ရွှေကို ရင်းနှီးမြှုပ်နှံမှု မလုပ်ကြ တော့ဘဲ ပိုပြီး တန်ဖိုးခိုင်မာတဲ့ အမေရိကန် ဒေါ်လာဘက် ကို လှည့်လာ တာကြောင့် ငွေလဲနှုန်းတွေ တက်လာခဲ့ တာပါ။ ကျွန်တော်တို့ အပြင် ဈေးကွက်မှာ တစ်ဒေါ်လာ ကို ရောင်းဈေး က ၁၂၀၀ ကျပ် လောက်အထိ ဖြစ်လာတယ် ၊ ဈေးတက် လာတော့ ပို့ကုန် သမားတွေ အရင်ကထက် ပိုပြီး အဆင်ပြေ လာတာပေါ့။ ဗဟိုဘဏ် ကလည်း ရည်ညွှန်း ငွေလဲနှုန်း တွေကို နေ့စဉ်ထုတ်ပြန် ပေးပါတယ် ... '' ဟု ပြောဆို သွားသည်။

ယနေ့ နေ့လည် ပိုင်းတွင် ရန်ကုန်မြို့ရှိ ငွေလဲ စင်တာများမှ အမေရိကန် ဒေါ်လာ ရောင်းဈေး တစ်ဒေါ်လာလျှင် ၁ဝ၁၆ ကျပ်အထိ ရှိပြီး ရွှေဈေးနှုန်းမှာ အခေါက်ရွှေ တစ်ကျပ်သားလျှင် ၆၆၀၅၀၀ ကျပ် ဖြစ်ကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်
https://www.facebook.com/TheMyawadyDaily?fref=photo


ငွေကြေး ရင်းနှီးမြှုပ်နှံသူများ ဒေါ်လာဘက်သို့ လှည့်လာ ငွေကြေး ရင်းနှီးမြှုပ်နှံသူများ ဒေါ်လာဘက်သို့ လှည့်လာ Reviewed by သစ်ထူးလွင် on 20:27 Rating: 5
Powered by Blogger.