ရန်ကုန် စည်ပင် ရွေးကောက်ပွဲ ဦးဝင်းချို ဝင်ပြိုင်မည်

လာမယ့် ဒီဇင်ဘာလကုန်ပိုင်းမှာ ကျင်းပမယ့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ရွေးကောက်ပွဲ မှာ လယ်သမားအရေး ကူညီ ဆောင်ရွက် ပေးနေတဲ့ ဦးဝင်းချိုက အနောက်ပိုင်း ခရိုင်ကိုယ်စားပြု ကော်မတီဝင် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီရဲ့ လုပ်ဆောင်ချက်တွေကို ပြည်သူတွေထံ ပွင့်လင်းမြင်သာစွာ ချပြနိုင်ဖို့အတွက် အခုလို ပါဝင်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ ဦးဝင်းချိုက ပြောပါတယ်။

"လက်ရှိအချိန်မှာလည်း မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်တွေ တာဝန်ကျေအောင် ထမ်းဆောင်နေသလား၊ မထမ်းဆောင်သလားဆိုတာကိုလည်း ပြည်သူတွေဘာမှမသိဘူး၊ လုံးဝကို ပွင့်လင်းမြင်သာမှု မရှိတဲ့ဘဝနဲ့နေလာခဲ့ရတဲ့အခါကျတော့ ပြည်သူတွေအနေနဲ့ သိသင့်တယ်လို့ ယူဆတဲ့အတွက် သာမန်ပြည်သူတွေထဲကနေ ရွေးချယ်ခဲ့ရင် ကျနော်တို့ဟာ ပွင့်လင်းမြင်သာပါမယ်၊ တာဝန်ယူမှု တာဝန်ခံမှုရှိစွာနဲ့ အလုပ်လုပ်မယ်ဆိုတာကို ပြချင်လို့ဝင်အရွေးခံပါမယ်"

ဝင်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းပေးသွင်းထားတဲ့ ကိုယ်စားလှယ်လောင်းတွေကို ရန်ကုန် မြို့တော်စည်ပင်သာယာ ရေး ကော်မတီက လာမယ့် ၂၉ ရက်နေ့မှာ လူတွေ့စစ်ဆေးမှာဖြစ်ပြီး၊ အဲ့ဒီစစ်ဆေးမှုမှာ ရွေးချယ်ခံရမှသာ စည်ပင်သာယာရေးကော်မတီဝင် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမှာ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf


ရန်ကုန် စည်ပင် ရွေးကောက်ပွဲ ဦးဝင်းချို ဝင်ပြိုင်မည် ရန်ကုန် စည်ပင် ရွေးကောက်ပွဲ ဦးဝင်းချို ဝင်ပြိုင်မည် Reviewed by သစ်ထူးလွင် on 09:44 Rating: 5
Powered by Blogger.