မြန်မာနိုင်ငံသား ဒါရိုက်တာ ရိုက်ကူးသည့် ရုပ်ရှင်ကား ထိုင်ဝမ်တွင် အရောင်းစံချိန်တင်

ထိုင်ဝမ်ဦးစီးကျင်းပတဲ့ ၅၁ ကြိမ်မြောက် Golden Horse Awards ရုပ်ရှင်အကယ်ဒမီဆုမှာ ဒါရိုက်တာ Midi Z ရဲ့ “Ice Poison” ရုပ်ရှင်ကားဟာ အကောင်းဆုံး ဒါရိုက်တာ ဆုအဖြစ် ဇကာတင် ရွေးချယ်ခံ ထားရ ပါတယ်။

အသက် ၃၁ နှစ် ရှိပြီဖြစ်တဲ့ Midi Z ဟာ မြန်မာပြည်ဖွား လားရှိုးသားဖြစ်ပြီး ၁၆ နှစ် အရွယ်တည်းက ထိုင်ဝမ်မှာ ကျောင်းသွား တက်ခဲ့ တယ်လို့ သိရပါတယ်။

အကောင်းဆုံး ဒါရိုက်တာအဖြစ် ဇကာတင်ရွေး ချယ်ခံထားရတဲ့ Ice Poison ရုပ်ရှင်ကားကို မြန်မာ-တရုတ်နယ်စပ်မှာ သူသွားရောက် ရိုက်ကူး ခဲ့တယ်လို့ သိရပါတယ်။

ရုပ်ရှင်ပါ အကြောင်းအရာက တောရွာနေ တောင်သူတဦးက သူ့ဘဝတိုးတက်ရာ တိုးတက်ကြောင်းကို ရှာဖွေရင်း နောက်ဆုံးမှာ မရှုမလှ ဘဝဇာတ်သိမ်းရတဲ့ အကြောင်းပါ။

ဒါရိုက်တာကတော့ ဒါဟာ အချစ်ကား ၁ ကားအဖြစ် ရိုက်ခဲ့တာပါလို့ ပြောပါတယ်။ ထိုင်ဝမ်မှာရုံတင်တော့ လက်မှတ် ၁ သန်းကျော် အရောင်း စံချိန်တင်ခဲ့ တယ်လို့ သိရပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/69343


မြန်မာနိုင်ငံသား ဒါရိုက်တာ ရိုက်ကူးသည့် ရုပ်ရှင်ကား ထိုင်ဝမ်တွင် အရောင်းစံချိန်တင် မြန်မာနိုင်ငံသား ဒါရိုက်တာ ရိုက်ကူးသည့် ရုပ်ရှင်ကား ထိုင်ဝမ်တွင် အရောင်းစံချိန်တင် Reviewed by သစ်ထူးလွင် on 09:54 Rating: 5
Powered by Blogger.