မူးယစ်သောက်စားပြီး ဆိုင်ကယ် မဆင်မခြင် မောင်းနှင် သောကြောင့် ယာဉ်ကြော မှားယွင်း ၀င်တိုက်ကာ သေဆုံး

သထုံ အောက်တိုဘာ ၂၃

သထုံမြို့နယ်၊ မိုးကောင်းကျေးရွာ၊ ရန်ကုန်-သထုံ အဝေးပြေးလမ်းမပေါ်တွင် အရက်သေစာ သောက်စားပြီး ဆိုင်ကယ် မဆင်မခြင် မောင်းနှင်သောကြောင့် တစ်ဖက်ယာဉ်ကြောမှ ၁၂ ဘီး ကုန်တင်ယာဉ်အား ၀င်ရောက် တိုက်မိကာ ဆိုင်ကယ်မောင်းနှင်သူ သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၂ ရက်၊ ညနေ ၅ နာရီခွဲ အချိန်ခန့်က အရက်သေစာ သောက်စားထားပြီး ဆိုင်ကယ်စီး ဦးထုပ်မဆောင်းဘဲ ဘီးလင်းမှ သထုံဘက်သို့ သထုံမြို့နယ်၊ တောကြီးကျေးရွာအုပ်စုတွင် နေထိုင်သော မြင့်ဝင်းဆိုသူ မောင်းနှင်လာသည့် ဆိုင်ကယ်မှာ မိုးကောင်းကျေးရွာအုပ်စု၊ ရန်ကုန်-သထုံ ကားလမ်းမိုင်တိုင်အမှတ် (၁၃၆/၂) နှင့် (၁၃၆/၃)အကြားတွင် ယာဉ်ကြောမှားယွင်း ၀င်ရောက်ပြီး တစ်ဖက် ယာဉ်ကြောမှ ယာဉ်မောင်း မျိုးသိန်းဌေး မောင်းနှင်လာသည့် ၁၂ ဘီး ကုန်တင်ယာဉ်အား ၀င်ရောက်တိုက်မိရာ ဆိုင်ကယ်မောင်းသူမှာ ဒဏ်ရာပြင်းထန်စွာရရှိပြီး နေရာတွင် သေဆုံးသွားခဲ့သည်။

အဆိုပါ ယာဉ်မဆင်မခြင် မောင်းနှင်သူ မြင့်ဝင်းအား သိမ်ဆိပ်နယ်မြေရဲစခန်းမှ ဒုရဲအုပ် နေမျိုးသန့် ကတရားလိုပြုလုပ်ကာ ယာဉ်(ပ)၃၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar


မူးယစ်သောက်စားပြီး ဆိုင်ကယ် မဆင်မခြင် မောင်းနှင် သောကြောင့် ယာဉ်ကြော မှားယွင်း ၀င်တိုက်ကာ သေဆုံး မူးယစ်သောက်စားပြီး ဆိုင်ကယ် မဆင်မခြင် မောင်းနှင် သောကြောင့် ယာဉ်ကြော မှားယွင်း ၀င်တိုက်ကာ သေဆုံး Reviewed by သစ်ထူးလွင် on 12:07 Rating: 5
Powered by Blogger.