မောင်တောတွင် အမျိုးသမီးများအား ဓားဖြင့်လိုက်ခုတ်သူ ၅ ဦးကို ရဲကဖမ်းဆီး

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ငါးရှာရာမှ ပြန်လာသည့် ရခိုင်အမျိုးသမီး ၆ ဦးအား ဓါးဖြင့်လိုက်ခုတ်သူ ၅ ဦးကို ရဲက ဖမ်းဆီးလိုက်သည်ဟု သိရသည်။

“ မောင်တောမြို့နယ် အောင်ဗလကျေးရွာက ငါးရှာပီး ရွာကို ပြန်လာတဲ့ အမျိုးသမီး ၆ ဦးအား ဓားဖြင့်လိုက်ခုတ်တဲ့ အမူနဲ့ ဆက်စပ်ပြီး ဘင်္ဂါလီ လူမျိုး ၅ ဦးကို ရဲက ဖမ်းဆီးပီး စစ်ဆေးမေးမြန်းနေပါတယ်” ဟု မောင်တော မြို့မရဲစခန်းမှ တာဝန်ကျ ရဲတစ်ဦးမှ ပြောသည်။

အောင်ဗလကျေးရွာတွင်နေထိုင်သည့် ရော်ရှီး (အသက် ၄ဝ ကျော်ခန့်)အပါအဝင် ဘင်္ဂါလီ ၅ ဦးမှ  အမျိုး သမီးများကို ဓားဖြင့် အကြောင်းမဲ့လိုက်ခုတ်သဖြင့် အောက်တိုဘာလ ၁၈ ရက်နေ့ ညနေ ၈ နာရီခန့်က သွားရောက်ဖမ်း ဆီးခဲ့ခြင်း ဖြစ်ကြောင်း ရဲကဆိုသည်။

“ ဘာကြောင့်လိုက်ခုတ်တယ်ဆိုတာကိုလည်း စစ်ဆေးနေပါ တယ်။ ပြီးတော့ ဥပဒေအရ အမှုဖွင့်အရေးယူသွားမှာပါ”ဟု မောင်တောမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အောင်ဗလကျေးရွာနေ ဒေါ်မသာနုပါဝင်သော အမျိုးသမီး ၆ ဦးသည် အောက်တိုဘာလ ၁၈ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ငါးရှာ၍ မိမိတို့၏ရွာသို့ပြန်လာရာ အမည်မသိ ဘင်္ဂါလီအချို့က ဓားရှည်များဖြင့်လိုက်ခုတ်သဖြင့် ယင်းအမျိုးသမီးများမှာ အသက်လု ထွက်ပြေးလာခဲ့ရကြောင်း အောင်ဗလကျေးရွာသားများက ပြောသည်။

“ဖြစ်စဉ်ဖြစ်တာမှန်ပါတယ်။ ဓားနဲ့လိုက်ခုတ်တဲ့ဘင်္ဂါလီတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့လိုပါတယ်။ နို့မဟုတ်ရင် မောင်တောနယ်မှာရှိတဲ့ တိုင်းရင်းသူ၊ တိုင်းရင်းသားတွေအတွက် အင်မတန် အန္တရာယ်ကြီးပါတယ်”ဟု ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီးအခင်းဖြစ်ရာကျေးရွာသို့ ကိုယ်တိုင်သွားရောက်လေ့လာခဲ့သူ မောင်တော မြို့ခံတစ်ဦးက  ဆိုသည်။

( နိရဉ္စရာ – ၂၀  အောက်တိုဘာ ၂ဝ၁၄) / မာန်ယုကျော် (ရွှေဝမြေ)
http://www.narinjara.com/burmese/?p=12431

အောင်ဗလရွာအား အဝေးမှ မြင်ရစဉ်။ ( ဓါတ်ပုံ- နိရဉ္စရာ)

မောင်တောတွင် အမျိုးသမီးများအား ဓားဖြင့်လိုက်ခုတ်သူ ၅ ဦးကို ရဲကဖမ်းဆီး မောင်တောတွင် အမျိုးသမီးများအား ဓားဖြင့်လိုက်ခုတ်သူ ၅ ဦးကို ရဲကဖမ်းဆီး Reviewed by သစ်ထူးလွင် on 10:58 Rating: 5
Powered by Blogger.