အလယ်တန်းပြ ဆရာမ ဆိုင်ကယ်အား အရှိန်မထိန်းနိုင်တဲ့ ဆိုင်ကယ်က ၀င်တိုက်မိ နှစ်ဦးသေဆုံး (ထိတ်လန့် တက်သူများ ဓါတ်ပုံများ မကြည့်ဖို့ အသိပေးအပ်ပါသည်။ )

၂၀၁၄ ခုနှစ် အောက်တိုဘာ (၂၂) ရက် ညနေ(၅)နာရီ အချိန် ပဲခူးတိုင်း ဒေသကြီး ကျောက်တံခါးမြို့မ ရဲစခန်း၌ ဒုရဲအုပ် ကျော်ကျော်ခိုင် တာဝန်မှူး တာဝန်ထမ်းဆောင် နေစဉ် ဆိုင်ကယ်တိုက်မှု့ ဖြစ်ပွားကြောင်း သတင်းအရ ကျောက်တံခါးမြို့မ ရဲစခန်းမှ ရဲတပ်ကြပ် အာကာဇော် ဒုတပ်ကြပ် အောင်ဇော်လင်း ရင်းထိုက်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစန်းလွင် ကျွန်းကုန်းကျေးရွာ ရာအိမ်မှူးဦးသောင်းဟန်တို့နှင့်အတူ အခင်းဖြစ်ရပ်သို့သွားရောက်စစ်ဆေး ခဲ့ပါသည်။

ဖြစ်စဉ်မှာ ကျောက်တံခါးမြို့မ ရဲစခန်း မြောက်ဘက်(၅)မိုင်ခန့်အကွာ ရန်ကုန် - မန္တလေး ကားလမ်းဟောင်းမိုင်တိုင်အမှတ်  ၁၁၈/၆ နှင့်  ၁၁၈/၇  ကျွန်းကုန်းကျေးရွာ အနီး၌ မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ဦးအောင်မြင့် (၅၃)နှစ်(ဘ)ဦးမောင် ကြို့ပင်ရိုးကျေးရွာ ပဲနွယ်ကုန်းဒေသ  နေသူမောင်းနှင်ပြီး နောက်မှ ဦးစိုးအောင်(၅၃)နှစ်(ဘ)ဦးလှစံ  ဆယ့်လေးရွာနေသူအား တင်ဆောင်မောင်းနှင်လာသည့် တရုတ် လော့ဂျာ ၁၁၀ အနက်ရောင်  လိုင်စင်မရှိ  ဆိုင်ကယ်မှ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောမှ မျက်နှာခြင်းဆိုင်မောင်းနှင်လာသော ယာဉ်မောင်း မခင်သူဇာထွန်း(၂၉)နှစ်(ဘ)ဦးသိန်းမောင် (ရွာသစ်ကျေးရွာအလယ်တန်းပြ) ပြည်တော်သာ ၆ လမ်း  ပဲနွယ်ကုန်းမြို့နေသူ မောင်းနှင်ပြီး နောက်မှ စန်းနိုင်(၂၃)နှစ်(ဘ)ဦးသန်းအေး (တစ်ရပ်ကွက်တည်းနေ) အား တင်ဆောင်မောင်းနှင်လာသည့် ယာဉ်နံပါတ် ၂၆ယ/၃၈၄၉၈ လိုင်စင်ရှိ တရုတ် Turboo 125 အနီရောင်ဆိုင်ကယ်အား ဝင်တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူ မခင်သူဇာထွန်းတွင် ဘယ် ဘက်နဖူး တစ်လက်မခန့်ချိုင့်ဝင် ယာဘက်ခြေသလုံးကျိုး ကာ(အခင်းဖြစ်ရပ် နေရာမှာပင်သေဆုံး) ဦးအောင်မြင့်တွင် ဝဲဒူးခေါင်းပေါက်ပြဲ ဝဲမျက်ခုံးကွဲ  နောက်စေ့ဖူးရောင်(အခင်းဖြစ်နေရာ၌ သေဆုံး)  ဆိုင်ကယ်နောက်မှ စီးနင်းသူ စန်းနိုင်တွင် နုတ်ခမ်းပေါက်ပြဲ ဝဲလက်ချောင်းပွန်းခြစ်  ရင်ဘတ်အောင့် အတွင်းလူနာ(စိုးရိမ်ရ) ဦးစိုးအောင်တွင်  ဘယ်ဘက်မျက်ခုံးပေါက်ပြဲ ယာဘက်ခြမ်းအောက်သွား တစ်ချောင်းကျိုး ဘယ်ဘက်ဒူးပွန်းခြစ် ရင်ဘတ်အောင့် အတွင်းလူနာ(စိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့ပြီး ဆိုင်ကယ်အားမဆင်မခြင်မောင်းနှင်သူ ဦးအောင်မြင့်အား ဥပဒေအရ အရေးယူပေးပါရန် ဒုရဲအုပ်ကျော်ကျော်ခိုင်မှ တိုင်တန်းသဖြင့် ကျောက်တံခါးမြို့မရဲစခန်းမှ  ယာဉ်(ပ)၃၅/၂၀၁၄ ပြစ်မှု့ပုဒ်မ ၃၀၄-က /၃၃၈ ဖြင့် အမှု့ဖွင့်အရေးယူထားကြောင်းသတင်းရရှိသည်။

ပန်းချီသန်းဝင်း(ကျောက်ကြီးမီဒီယာ)

BY THIT HTOO LWIN

အလယ်တန်းပြ ဆရာမ ဆိုင်ကယ်အား အရှိန်မထိန်းနိုင်တဲ့ ဆိုင်ကယ်က ၀င်တိုက်မိ နှစ်ဦးသေဆုံး (ထိတ်လန့် တက်သူများ ဓါတ်ပုံများ မကြည့်ဖို့ အသိပေးအပ်ပါသည်။ ) အလယ်တန်းပြ ဆရာမ ဆိုင်ကယ်အား အရှိန်မထိန်းနိုင်တဲ့ ဆိုင်ကယ်က ၀င်တိုက်မိ နှစ်ဦးသေဆုံး (ထိတ်လန့် တက်သူများ ဓါတ်ပုံများ မကြည့်ဖို့ အသိပေးအပ်ပါသည်။ ) Reviewed by သစ်ထူးလွင် on 20:45 Rating: 5
Powered by Blogger.