ဘီးပေါက်သောယာဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ထိုးကျတိမ်းမှောက်

နေပြည်တော်၊ အောက်တိုဘာ ၆

၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၉ နာရီအချိန် ပဲခူးတိုင်း ဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်- မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၅၅/၁-၂)ကြားတွင် ယာဉ်တိမ်း မှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ဗောဓိကုန်း အမြန်လမ်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက် အရ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ဇေယျအောင် ရပ်ကွက်နေ မျိုးနိုင်(၃၇)နှစ်မောင်းနှင်လာသော BB/xxxx ကရီနာ အဖြူရောင်ယာဉ်သည် ၀ဲဘက် ရှေ့ဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်မြေသားလမ်းပေါ်သို့ ထိုးကျ တိမ်းမှောက်ခဲ့ကြောင်း သိရှိသည်။

ထိုသို့တိမ်းမှောက်မှုကြောင့် မျိုးနိုင်တွင် ဦးခေါင်းဝဲချိုစောင်း/ယာတံတောင်ဆစ်ပေါက်ပြဲ ဒဏ်ရာနှင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူများအနက် သာကေတမြို့နယ်၊ (၁၂)ရပ်ကွက်နေ ဆန်းလင်း (၂၈)နှစ်တွင် နဖူး/ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် တောင်ငူ ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး မျိုးနိုင်အား ဗောဓိကုန်းအမြန်လမ်းရဲစခန်း ယာဉ်(ပ)၃၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia


ဘီးပေါက်သောယာဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ထိုးကျတိမ်းမှောက် ဘီးပေါက်သောယာဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ထိုးကျတိမ်းမှောက် Reviewed by သစ်ထူးလွင် on 03:34 Rating: 5
Powered by Blogger.