သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်၊ ကာချုပ်နဲ့ ဒေါ်စု အပါအဝင် ပါတီ ခေါင်းဆောင် တချို့ ဆွေးနွေး

မြန်မာ သမ္မတ ဦးသိန်းစိန်ဟာ ဒုသမ္မတ နှစ်ဦးနဲ့ အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အန်အဲလ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ပြည်ထောင်စု လွှတ်တော် နာယက အပါ အဝင် တခြား နိုင်ငံရေး ပါတီ ခေါင်းဆောင်တွေ၊ တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေနဲ့ နေပြည်တော် သမ္မတ အိမ်တော်မှာ သောကြာနေ့ မနက်ပိုင်းက တွေ့ဆုံ ဆွေးနွေး မှုတွေ ပြုလုပ်ခဲ့ ပါတယ်။

တွေ့ဆုံ ပွဲမှာ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး နဲ့ ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေး ကဏ္ဍဍ သုံးခုကို အဓိက ထား ဆွေးနွေး ခဲ့တယ်လို့ သမ္မတ ပြောခွင့် ရသူ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က သတင်းစာ ရှင်းလင်း ပွဲမှာ ပြောကြား ပါတယ်။

တနိုင်ငံ လုံး အပစ် ရပ်စဲ ရေးကိုလည်း ၂၀၁၅ နှစ်စ ပိုင်းမှာ လက်မှတ်ထိုး နိုင်ဖို့ အတွက်လည်း ဆွေးနွေး ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံရေး ကိစ္စတွေကို နိုင်ငံရေး အရ ဆွေးနွေး အဖြေရှာ ရေးနဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကိုလည်း လွှတ်တော် မှာပဲ ဥပဒေ အရ ဆွေးနွေး သွားဖို့ သဘောတူ ခဲ့ ကြတယ်လို့ လည်း ပြောပါတယ်။

သမ္မတနဲ့ လွှတ်တော် ကာချုပ် အပါ အဝင် နိုင်ငံရေး ပါတီ ခေါင်းဆောင် တွေ အခုလို တွေ့ဆုံ တာဟာ ဒါ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2014/10/141031_theinsein_meeting


ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး နဲ့ ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေး ကဏ္ဍဍ သုံးခုကို အဓိက ထား ဆွေးနွေး ခဲ့

သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်၊ ကာချုပ်နဲ့ ဒေါ်စု အပါအဝင် ပါတီ ခေါင်းဆောင် တချို့ ဆွေးနွေး သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်၊ ကာချုပ်နဲ့ ဒေါ်စု အပါအဝင် ပါတီ ခေါင်းဆောင် တချို့ ဆွေးနွေး Reviewed by သစ်ထူးလွင် on 18:20 Rating: 5
Powered by Blogger.