ပြည်မြန်မာဂျာနယ်တွင် ဦးရဲထွဋ်ပြောကြားချက် တရားရုံးကို မထီမဲ့မြင်ပြုနေ

ရန်ကုန်၊ အောက်တိုဘာ၂၉

ပြည်မြန်မာ ဂျာနယ်တွင် ရေးသား ဖော်ပြခဲ့သော ““ဦးဆန်းဆင့်သည် အစိုးရအဖွဲ့၏ အစည်းအဝေး များတွင် အသံ ဖိုင်များ ခိုးဖမ်း ခဲ့ကြောင်း ပြန်ကြားရေး ၀န်ကြီး ဦးရဲ ထွဋ်ပြော””ဟူသည့် သတင်း ဖော်ပြ ပါအချက်များ အတွက် အဆိုပါ ပြောဆိုခဲ့သူ ၀န်ကြီး ဦးရဲထွဋ်သည် တရားရုံးကို မထီမဲ့မြင် ပြုမှုနှင့် အရေး ယူခံ ရနိုင်ကြောင်း တရား လွှတ် တော် ရှေ့နေ ဦးဆန်းမြင့်က မြန်မာသံတော်ဆင့်သို့ ပြောကြား လိုက်သည်။

ပြည်မြန်မာဂျာနယ်တွင် ဖော် ပြခဲ့ရာ၌ ““ထောင်ဒဏ် ၁၃ နှစ်နှင့် ဒဏ်ငွေကျပ်တစ်သိန်း ကျခံခဲ့ရသော သာသ နာရေး ၀န်ကြီးဟောင်း ဦးဆန်းဆင့်သည် အစိုးရအဖွဲ့ အစည်းအဝေးများတွင် အသံဖိုင်များ ခိုးဖမ်းခဲ့ကြောင်း၊ အစိုးရနှင့် သံဃာတော်များအကြား အထင်မှားအောင် လုပ်ခဲ့ကြောင်း ပြန်ကြား ရေးဝန်ကြီး ဦးရဲထွဋ်က ပြည်မြန် မာသတင်းဂျာနယ်အား ၁၉-၁၀-၂၀၁၄ ရက်က ထုတ်ဖော်ပြောကြားလိုက်သည်။… သာသနာရေးဝန်ကြီး ဟောင်း ဦးဆန်းဆင့်အား တရားရုံးက ပြစ်ဒဏ်ချမှတ်ပြီးမှသာ ပြန် ကြားရေးဝန်ကြီးက ထုတ်ဖော်ပြော ကြားလာခြင်း ဖြစ်ပြီး ယင်းမတိုင်ခင်က တရားစီရင်ရေး၏ ဆုံးဖြတ်ချက်ကို ကျော်လွန်ပြော ဆိုခြင်း ဖြစ်မည်စိုးသောကြောင့် မပြောခဲ့ ခြင်းဖြစ်ကြောင်းလည်း သိရသည်။ ““တရားစွဲတယ်ဆိုကတည်းက ဒီ အတိုင်းစွဲတာမဟုတ်ဘူးလေ။ ဖြစ်စဉ် အကြောင်းအရာတွေကို ရှေ့နေ ချုပ်ရုံးကသုံးသပ်ပြီးတော့မှ ဒီဟာက ခိုင်လုံတယ်၊ ဒီအမှုနဲ့စွဲသင့် တယ် ဆိုပြီးတော့စွဲခဲ့တာ။ တရားရုံး ရဲ့စီရင်ချက်တွေကို ဖတ်ရှုမယ်ဆို ရင် ဦးဆန်းဆင့်လုပ်ခဲ့တာတွေ သိမှာပါ။ လူတွေရဲ့ ပြောဆိုချက်တွေကို အသံတွေခိုးဖမ်းတယ်၊ မလုပ်သင့်တာေ တွပေါ့ဗျာ””ဟု ဦးရဲထွဋ် ကပြောကြား သည်။

ဦးဆန်းဆင့်နှင့် ၎င်း၏ မိသားစုမှာ ယင်းပြစ်ဒဏ် အတွက် အယူခံဝင်သွားမည်ဖြစ် ကြောင်း ကိုလည်း ပြည်တွင်းသတင်း မီဒီယာများတွင် ဖော်ပြလာသည်ကို တွေ့ရသည်။ ““ကျွန်တော်တို့ အစိုးရအဖွဲ့ အစည်း အဝေးတွေဆို တာက တချို့ဟာတွေ အသံဖမ်းလို့ရတာ မဟုတ်ဘူးလေ။ ရည်ရွယ်ချက်ကိုက မကောင်းဘူး ပေါ့။ ဒီလို ဟာမျိုးတွေကြောင့် ကျွန်တော်တို့က မလွှဲမရှောင်သာ အရေးယူရတာ။ သူ့ကိုပုဂိ္ဂုလ်ရေးအရ မုန်းတီး လို့ လုပ်တာမဟုတ်ဘူး””ဟု ပြန်ကြား ရေးဝန်ကြီးကဆိုသည်။ ပြည်ထောင် စုဝန်ကြီး၏ အဆိုအရ သာသနာ ရေးဝန်ကြီးဟောင်း အစိုးရအဖွဲ့ဝင် ၀န်ကြီးတစ်ဦးဖြစ်လျက် မလုပ်သင့် မလုပ်ထိုက်သော အစိုးရနှင့်သံဃာ များအကြား အမြင်မှားအောင် ဟိုဘက်သည်ဘက် တစ်မျိုးစီလုပ်ခဲ့ကြောင်းနှင့် ငွေကြေးဆိုင်ရာ ကိစ္စများ အရှုပ်အရှင်းများတွင်လည်း ပါဝင်ကြောင်း သိရသည်။ ယင်းကိစ္စတွင် အများပြည်သူက ထင်မြင်နေသော အစိုးရ အဖွဲ့ဝင်အချင်းချင်း ဇာစ်မြစ်များကို ပြန်ဖော်မည်စိုးသောကြောင့် နှိပ်ကွပ်လိုက်ခြင်းဖြစ်နိုင်သည်ဆို သည့်အချက် အပေါ် ပြန်ကြားရေး ၀န်ကြီးက ““မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ ဦးဆန်းဆင့်အမှုနဲ့ ပတ်သက်ရင် ပြောစရာတွေ အများကြီးရှိတာ ပေါ့။ ကျွန်တော်တို့က တရားရုံးမှာ ရောက်နေတဲ့အမှုကို တရားစီရင်ရေးကို ကျော်လွန်ပြော တာတွေ မဖြစ်ချင်လို့မပြောခဲ့တာ။ ဦးဆန်းဆင့် ဘာလုပ်ခဲ့လဲဆိုတာ သိချင်ရင် တရားစီရင်ရေး မှတ်တမ်းတွေ လေ့လာကြည့်ပါ။ ကျွန်တော်တို့ကတော့ တရားရုံးရဲ့ဆုံးဖြတ်ချက်ကို ဘာမှသီးခြားထပ်ပြီး ပြောစရာ မရှိ တော့ပါဘူး””ဟု ပြန်လည်ပြောကြားသည်””ဟူ၍ ပါရှိသည်။

ယင်းသို့ ၀န်ကြီးဦးရဲထွဋ်၏ ပြောကြားချက်များပါဝင်သည့် အစိုးရအဖွဲ့ အစည်းအဝေးများတွင် ဦးဆန်းဆင့်က အသံဖိုင်များ ခိုးဖမ်း ခဲ့ကြောင်းနှင့်စပ်လျဉ်း၍ နေပြည်တော်တရားရုံး၌စစ်ဆေးစဉ်က ထည့် သွင်းစစ်ဆေးခြင်း မရှိခဲ့ကြောင်း၊ ဦးဆန်းဆင့်သာမက မည်သည့်ဝန်ကြီးမဆို အသံဖိုင်များ ဖမ်းယူ၍ရ သည့် ဖုန်းဟန်းဆက်များ ရှိကြောင်း၊ ၀န်ကြီးဦးဆန်းဆင့်အပေါ် ရည်ရွယ်ချက်ရှိရှိ ပုဂိ္ဂုလ်ရေးမနာလို၍ တိုက်ခိုက်ပြောဆိုခြင်းမှာ ထင်ရှား ကြောင်း ဦးဆန်းဆင့်၏ ဇနီး ဒေါ်ခင်မလေးက မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့သည်။

ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် နှင့်ပြည်မြန်မာဂျာနယ်သည် ထောင် ဒဏ်ချမှတ်ခြင်းခံရသော ၀န်ကြီး ဟောင်း ဦးဆန်းဆင့်အပေါ် ပြစ်ဒဏ်နှင့်မဆိုင်သည့် အသံဖိုင်များခိုးဖမ်းသည့် အကြောင်းအရာကို ပြောဆို ရေးသားသည် မှာ ဦးဆန်းဆင့်ကို စတင်ဖမ်းဆီးစဉ်က သမ္မတစကား နားမထောင်ခြင်းကြောင့်ဟူ၍ အစိုးရအဖွဲ့ အသိုင်း အ၀ိုင်းက ပြောဆိုခဲ့ ခြင်းနှင့်ဆက်စပ်၍ လူထုနှင့်မီဒီယာများအပြင် လွှတ်တော်ကိုယ်စား လှယ်များပါ နှစ်သက် ထောက်ခံသော ဦးဆန်းဆင့်အနေဖြင့် လုပ်ကြံခံရခြင်းဖြစ်ကြောင်း အမျိုးဘာသာ၊ သာသနာ ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့ (မဘသ)အတွင်း ရေးမှူးချုပ် (အထက်မြန်မာပြည်) ဆရာတော် ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ) က မြန်မာသံတော်ဆင့် သို့ သုံးသပ်ပြောကြားခဲ့သည်။

““ဦးဆန်းဆင့်ကိစ္စက သူတို့ ကြေညာတာ ငွေသိန်း ၇၀ လာဘ်စားလို့။ အမိန့်မနာခံလို့။ ဒီလို ပုဒ်မနဲ့စွဲတာပဲ။ သိန်း ၇၀ လောက် နဲ့ကတော့ ဘာမှမပြောပလောက်ဘူး။ ဒါက ကြံဖန်ပြီးတော့ သူတို့ လုပ်လိုက်တာပဲ။ လံကြုတ်လုပ်ကြံ ပေါ့။ သဘောထားပျော့ပျောင်းတော့ ခံလိုက်ရတာပေါ့””ဟု မဘသအတွင်း ရေးမှူးချုပ် ဆရာတော်ဥူးကုသလ က မြန်မာသံတော်ဆင့်သို့ မိန့် ကြားခဲ့သည်။

အစိုးရအပေါ် ပြစ်တင်ရှုတ်ချ ခဲ့သော ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် သာသနာရေး ၀န်ကြီး ဟောင်း ဦးဆန်းဆင့်အပေါ် တစိုက်မတ်မတ် ဝေဖန်ပြောကြားသူအစိုးရ၏ ပြောရေးဆိုခွင့်အာဏာ ပိုင် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်သည်လည်း လွှတ်တော်နှင့်အစိုးရ ကြား ၀င်ရောက်ပြောကြားမှုအချို့ နှင့်စပ်လျဉ်း ၍ ““ဦးရဲထွဋ်အမြဲ မုန်လာဥလုပ်ကြောင်း”” အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က စက်တင်ဘာလ အတွင်း မြန်မာသံတော်ဆင့်နှင့်တွေ့ဆုံစဉ် ထပ်မံ အတည်ပြုပြောကြားခဲ့သည်။

ပြည်မြန်မာဂျာနယ်ထုတ်ဝေသူ ဒေါက်တာတင်ထွန်းဦးသည် NLD မပါသော ၂၀၁၀ ရွေးကောက်ပွဲ တွင် ကြံ့ခိုင် ရေးပါတီမှ ပုဇွန်တောင် မြို့နယ်၌ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်လောင်း ၀င်ရောက်ယှဉ် ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့ သူဖြစ်သည်။ တပ် မတော်အစိုးရလက်ထက်တွင် ဒုတိယဗိုလ်ချုပ်ကြီးဆန်းဆင့် စစ်ရာထူးခန့်ချုပ် တာဝန်ယူစဉ် က ယခု ပြန်ကြားရေးပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်သည် ဗိုလ်မှူးကြီးအဆင့် ဖြင့် တာဝန်မှ အငြိမ်းစားပေးခြင်း ခံရ ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေးဦးစီးဌာနတွင် ဦးချစ်နိုင် (စိတ်ပညာ)၏ လက်အောက်၊ ဒု ညွှန်ချုပ် တာဝန်ဖြင့် အရပ်ဘက်သို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့ရ သူဖြစ်ကာ သမ္မတဦးသိန်းစိန်အစိုးရ သစ်လက် ထက်တွင်မှ ပြန်ကြားရေး ဒုဝန်ကြီး၊ ၀န်ကြီးတာဝန်များသို့ရောက် ရှိလာခဲ့သူဖြစ်သည်။

MH-0011

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald


ပြည်မြန်မာဂျာနယ်တွင် ဦးရဲထွဋ်ပြောကြားချက် တရားရုံးကို မထီမဲ့မြင်ပြုနေ ပြည်မြန်မာဂျာနယ်တွင် ဦးရဲထွဋ်ပြောကြားချက် တရားရုံးကို မထီမဲ့မြင်ပြုနေ Reviewed by သစ်ထူးလွင် on 20:48 Rating: 5
Powered by Blogger.