အသက်ခြောက်နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးအား အရှင်လတ်လတ် မြေမြှုပ်ခဲ့သည့် မိထွေးဖြစ်သူကို ရဲတပ်ဖွဲ့ဖမ်းဆီး

အာဂရာ ၊ ၂၆-၉-၂၀၁၄

အိန္ဒိယနိုင်ငံ အွတ်တာပရာဒက်ရှ် ပြည်နယ်တွင် အသက် ၆ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးကို အရှင်လတ်လတ် မြေမြှုပ်ခဲ့သည့် မိထွေးဖြစ်သူကို ရဲတပ်ဖွဲ့က စက်တင်ဘာ ၂၄ ရက်တွင် ဖမ်းဆီး ခဲ့ကြောင်း သိရသည်။

အာချာနာတီဝါနီ အမည်ရှိ အဆိုပါ အမျိုးသမီး သည် အသက်၆ နှစ်အရွယ်ရှိ လင်ပါသမီး ဖြစ်သူ ဆူဘစ်ရှာ ကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး သူမ၏ ခင်ပွန်း ဖြစ်သူမှာ သမီးငယ် ပျောက်ဆုံးမှု နှင့် စပ်လျဉ်း၍ ရဲတပ်ဖွဲ့ထံသို့ သွားရောက် တိုင်ကြား ခဲ့သည်။ ယင်းအမှုနှင့် စပ်လျဉ်း၍ အာချာနာ သည် သူမ၏တူ ဖြစ်သူကို ဖွင့်ပြော မိခဲ့ရာမှ ၄င်းက ရဲတပ်ဖွဲ့ထံသို့ သတင်းပေးပို့ ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ရဲတပ်ဖွဲ့သည် အာချာနာ ကို စစ်ဆေး မေးမြန်းပြီး နောက် သူမသည် ကလေးငယ်ကို သတ်ဖြတ် ခဲ့ကြောင်း ဝန်ခံပြောကြား ခဲ့သည်။ ထို့ပြင် သူမသည် ရဲတပ်ဖွဲ့အား ဆူဘစ်ရှာ ကို သတ်ဖြတ်ပြီး မြှုပ်နှံ ထားသည့် နေရာသို့ ခေါ်ဆောင် သွားခဲ့သည်။ အဆိုပါ နေရာသို့ ရောက်ရှိပြီး နောက်တွင် ရဲတပ်ဖွဲ့ဝင် များက ကလေးငယ်၏ ရုပ်အလောင်းကို ပြန်လည် တူးဖော်ခဲ့ရာ အဆိုပါ ကလေးငယ်မှာ အရှင်လတ်လတ် မြေမြှုပ်ခြင်း ခံထားရုံ သာမက မသေမီ အချိန်တွင် ပါးစပ် အတွင်းသို့ အဝတ်စများ ထိုးသွင်းခြင်းကို ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြား ခဲ့သည်။ ယခုအခါ ရဲတပ်ဖွဲ့က အာချာနာ ကို ဖမ်းဆီး၍ လူသတ်မှုဖြင့် တရားစွဲဆို ထားကြောင်း သိရသည်။

အာချာနာ သည် မိသားစု၏ ဝင်ငွေမှာ ဆူဘစ်ရှာ ၏ ပညာရေး အတွက်တွင် သာ အသုံးပြု မည်ကို စိုးရိမ်ပြီး သူမနှင့် ခြောက်လ အရွယ် ကလေးငယ်၏ ရှေ့ရေး အတွက် ရတက်မအေး ဖြစ်ခဲ့ရာမှ ဆူဘစ်ရှာကို သတ်ဖြတ် ခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောကြား ခဲ့ကြောင်း သိရှိရသည်။

#PyiChitThar
http://www.pyichitthar.com/2014/09/blog-post_25.html


အသက်ခြောက်နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးအား အရှင်လတ်လတ် မြေမြှုပ်ခဲ့သည့် မိထွေးဖြစ်သူကို ရဲတပ်ဖွဲ့ဖမ်းဆီး  အသက်ခြောက်နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးအား အရှင်လတ်လတ် မြေမြှုပ်ခဲ့သည့် မိထွေးဖြစ်သူကို ရဲတပ်ဖွဲ့ဖမ်းဆီး Reviewed by သစ်ထူးလွင် on 09:27 Rating: 5
Powered by Blogger.