ရန်ကုန်တွင် ဈေးသစ် ၁၀ ဈေး တပ်ဆောက်မည်

ရန်ကုန်မြို့မှာ နောက်ထပ် ဈေးအသစ် ၁၀ ဈေး ထပ်ပြီး ဆောက်မယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက သတင်းထုတ်ပြန်ပါတယ်။

ဈေးသစ်တွေ ကို မြောက်ဒဂုံ၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ သာကေတ၊ ဒေါပုံ၊ သင်္ကန်းကျွန်း၊ လှိုင်သာ ယာ၊ ရွှေပြည်သာနဲ့ အင်းစိန်မြို့နယ်တွေမှာ တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။

အဲဒီဈေးတွေကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်မှာ ကျပ်ငွေ ၁.၃ ဘီလီယံကျာ် အကုန်အကျခံ တည်ဆောက်သွားမယ်လို့ သိရပြီး ဆိုင်ခန်းရောင်းရတဲ့ငွေတွေနဲ့ ရန်ကုန်က အခြားဈေးတွေကို အကြီးစား ပြုပြင်မွမ်းမံသွားမယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိ ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်ထဲမှာ ဈေးပေါင်း ၈၀ ကျော်နဲ့ အခွန်လွတ်ဈေးက ၁၁ ဈေး ရှိနေပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/63866


ရန်ကုန်တွင် ဈေးသစ် ၁၀ ဈေး တပ်ဆောက်မည် ရန်ကုန်တွင် ဈေးသစ် ၁၀ ဈေး တပ်ဆောက်မည် Reviewed by သစ်ထူးလွင် on 14:27 Rating: 5
Powered by Blogger.