လမ်းဖြတ်ကူးသူ ယာဉ်တိုက်ခံရသဖြင့်သေဆုံး


ရန်ကုန်၊ စက်တင်ဘာ ၁၆

၁၅.၉.၂၀၁၄ရက်နေ့ ၁၆၂၀အချိန် စမ်းချောင်း မြို့နယ်၊ ပြည်လမ်း အတိုင်း မြောက်မှ တောင်သို့ မြောက် ဥက္ကလာပ မြို့နယ်နေ ယာဉ်မောင်း ဦးကြည်လွင်ဦး (၅၂)နှစ် မောင်းနှင်လာသော 8G---စူပါ ကာစတန် ယာဉ်သည် မဟာမြိုင် မှတ်တိုင် အလွန် လူကူးမျဉ်းကျား အရောက် လမ်းဖြတ်ကူးသူ ဒေါ်ခွန်ဂျာ(၆၀)နှစ်အား တိုက်မိခဲ့ပါသည်။

ထိုသို့တိုက်မိမှုကြောင့် ဒေါ်ခွန်ဂျာမှာ ဦးခေါင်း ကြေမွဒဏ်ရာ ရရှိကာ အခင်းဖြစ် နေရာတွင် သေဆုံးသွားခဲ့ပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ဦးကြည်လွင်ဦးအား စမ်းချောင်းမြို့မရဲစခန်း ယာဉ်(ပ)၁၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉/၃၀၄-ကဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

Yangon Police
https://www.facebook.com/yangonpolice



လမ်းဖြတ်ကူးသူ ယာဉ်တိုက်ခံရသဖြင့်သေဆုံး လမ်းဖြတ်ကူးသူ ယာဉ်တိုက်ခံရသဖြင့်သေဆုံး Reviewed by သစ်ထူးလွင် on 15:45 Rating: 5
Powered by Blogger.