ယူကရိန်းအရေးကြောင့် ရုရှားအပေါ် သြစတြေးလျ ထပ်မံ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်

ယူကရိန်းနိုင်ငံမှာ ​ဖြစ်နေတဲ့ ​ပြဿနာမှာ ​ရုရှားက ​ပါဝင်နေတယ်ဆိုပြီး ​သြစတြေးလျက ​ရုရှားအပေါ် ​ဒဏ်ခတ်ပိတ်ဆို့မှုတွေ ​ထပ်မံ ​ချမှတ်လိုက်ပြီး ​လိုအပ်ရင် ​ထပ်မံလုပ်ဆောင်ဖို့ ​ရှိတယ်လို့လည်း ​ပြောပါတယ်။

သြစတြေးလျနိုင်ငံ ​ဝန်ကြီးချုပ် ​တိုနီအာဘော့တ်ရဲ့ ​အဆိုအရ ​ယူကရိန်းနိုင်ငံ ​အရေးမှာ ​ရုရှားက ​ပြောင်ပြောင် ​တင်းတင်း ​ပါဝင်နှောင့် ​ယှက်မှုတွေ ​လုပ်နေပြီး ​အဲဒီ ​လုပ်ရပ်တွေဟာ ​ယူကရိန်းရဲ့ ​ကိုယ်ပိုင် ​အုပ်ချုပ်ရေးကို ​ထိခိုက်နစ်နာရတဲ့အတွက် ​ရုရှားအပေါ် ​ဒဏ်ခတ်ပိတ်ဆို့မှု ​ထပ်မံ ​ချမှတ်ရတာလို့ ​ပါလီမန်မှာ ​ပြောသွားခဲ့ပါတယ်။

ထပ်မံချ ​မှတ်လိုက်တဲ့ ​ဒဏ်ခတ်ပိတ်ဆို့မှုအရ ​သြစတြေးလျက ​ရုရှားကို ​စစ်လက်နက် ​တင်ပို့မှုလုပ်မှာ ​မဟုတ်တော့သလို ​ရုရှားအစိုးပိုင် ​ဘဏ်တွေကနေ ​သြစတြေးလျနိုင်ငံမှာ ​ထားရှိတဲ့ငွေကြေးတွေကို ​ပိတ်ပင် ​လိုက်တဲ့အပြင် ​ရုရှားကို ​တင်ပို့နေတဲ့ ​ရေနံနဲ့ ​သဘာဝဓာတ်ငွေ့တွေကိုလည်း ​ဖြတ်တောက်လိုက်မှာ ​ဖြစ်ပါတယ်။

ဒါ့အပြင် ​ခရိုင်းမီးယား ​ကျွန်းဆွယ်ဒေသမှာ ​သြစတြေးလျက ​ရင်းနှီးမြုပ်နှံမှု ​အသစ်တွေ ​လုပ်မှာ ​မဟုတ်တော့သလို ​ပိုပြီး ​ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ​ပစ်မှတ်ထားတဲ့ ​ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုလည်း ​ပြုလုပ်မယ်လို့ ​ဆိုပါတယ်။

အဲဒီလို ​ပိတ်ဆို့မှုကြောင့် ​ရုရှားနိုင်ငံ ​စီးပွားရေးသမားနဲ့ ​ကုမ္ပဏီ ​၆၃ ​ခုအပြင် ​ရုရှားနဲ့ ​နီးစပ်မှုရှိတဲ့ ​ယူကရိန်းနိုင်ငံသား ​၂၁ ​ယောက်နဲ့ ​ကုမ္ပဏီတွေလည်း ​ထိခိုက်နစ်နာမှာ ​ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ​သြဂုတ်လတုန်းကလည်း ​သြစတြေးလျက ​ရုရှားနိုင်ငံအပေါ် ​ဒဏ်ခတ်ပိတ်ဆို့မှု ​စတင်ခဲ့ပြီး ​အစားအသောက် ​တင်ပို့မှုကို ​ရပ်တန့်လိုက်တာဖြစ်ပါတယ်။

နေတိုးမဟာမိတ်အဖွဲ့ရဲ့ ​အဆိုအရ ​ရုရှားစစ်သား ​အယောက် ​၁၀၀၀ ​လောက် ​ယူကရိန်းသူပုန်တွေကို ​အကူအညီပေးနေတဲ့အပြင် ​နောက်ထပ် ​အယောက် ​၂၀၀၀၀ ​လောက်က ​ရုရှား-ယူကရိန်းနယ်စပ်မှာ ​နေရာယူတာတွေ ​လုပ်နေတယ်လို့ ​ပြောပါတယ်။

လောလောဆယ် ​ယူကရိန်းတပ်တွေဟာ ​သူပုန်တွေရဲ့ ​တိုက်ခိုက်မှုကြောင့် ​လူဟန့်စ်မြို့ ​လေဆိပ်ကနေ ​ဆုတ်ခွာလိုက်ရပြီး ​ပြီးခဲ့တဲ့ ​၂၄ ​နာရီအတွင်း ​ယူကရိန်းစစ်သား ​၇ ​ယောက် ​ကျဆုံးသွားပြီ ​ဖြစ်ကြောင်း ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-09-02/1363403

ရုရှားလိုလားတဲ့ ယူကရိန်း ခွဲထွက်ရေးသူပုန်အဖွဲ့ (Credit: AFP) 

ယူကရိန်းအရေးကြောင့် ရုရှားအပေါ် သြစတြေးလျ ထပ်မံ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ် ယူကရိန်းအရေးကြောင့် ရုရှားအပေါ် သြစတြေးလျ ထပ်မံ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ် Reviewed by သစ်ထူးလွင် on 05:43 Rating: 5
Powered by Blogger.