အမှုမှပျောက်ဆုံး သူအား တွေ့ရှိပါက ဆက်သွယ် သတင်း ပေး ခြင်းဖြင့် ပူးပေါင်း ကူညီ ပေးနိုင်ပါရန် မေတ္တာ ရပ်ခံခြင်း

ရန်ကုန်၊ စက်တင်ဘာ ၂၀

၂၀.၉.၂၀၁၄ ရက်နေ့ ၁၇၀၀ အချိန်တွင် ပန်းဘဲတန်းမြို့နယ်နေ ဦးရန်နိုင်တိုးသည် မိသားစုနှင့်အတူ ၎င်းပိုင် မော်တော်ယာဉ်ဖြင့် စမ်းချောင်းမြို့နယ်၊ ကျွန်းတောတောင်ရပ်ကွက်၊ ဗားကရာလမ်းပေါ်ရှိ Sprit ကုန်စုံဆိုင်သို့ ရောက်ရှိပြီး သမီး မဟံသာထွန်း၊ (၁၃)နှစ်အား ကားအတွင်း၌ထားခဲ့ကာ ဆိုင်အတွင်းသို့ ဈေးဝင်ဝယ်ပြီး ပြန်ထွက်လာစဉ် ကားအတွင်း၌ သမီးဖြစ်သူကိုမတွေ့ရှိဘဲ ပျောက်ဆုံးနေသဖြင့် ကူညီ စုံစမ်းရှာဖွေပေးရန် စမ်းချောင်းမြို့မရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့ပါသည်။

၎င်းပျောက်ဆုံးမှုနှင့်ပတ်သက်၍ စမ်းချောင်းမြို့မရဲစခန်းလူပျောက်အမှတ်စဉ် (၂၁/၂၀၁၄)ဖြင့်ရေးဖွင့်ပြီး ဆက်စပ်မြို့နယ်များနှင့်ချိတ်ဆက်၍ ပူးပေါင်း ကူညီ စုံစမ်းလျက်ရှိပါသည်။

ပျောက်ဆုံးသူ မဟံသာထွန်းမှာ ပန်းဘဲတန်းမြို့နယ်၊ (၁)ရပ်ကွက်၊ (၂၆)လမ်း၊ အမှတ်(၆၀)၊ (ပ)ထပ်၌ နေထိုင်သူဖြစ်ပြီး အထက(၁)ဒဂုံ၌ န၀မတန်း တက်ရောက်နေသူ ဖြစ်ပါသည်။

ပျောက်ဆုံးသူ၏ ပုံသဏ္ဍာန်မှာ ဆံပင်ကုတ်ဝဲ၊ နဖူးကျယ်၊ မျက်ခုံးကောင်း၊ နှာတံပေါ်၊ ပါဝါမျက်မှန်တပ်၊ မျက်နှာသွယ်၊ အသားဖြူ၊ အရပ်(၄)ပေ(၈)လက်မခန့် ရှိသူဖြစ်ပါသည်။

အဆိုပါလူပျောက်မှုအား ရဲတပ်ဖွဲ့မှ စုံစမ်းရှာဖွေလျက်ရှိရာတွင် မိဘပြည်သူ များမှလည်း မဟံသာထွန်းနှင့် ပတ်သက်သည့် သတင်းအချက်အလက် တစ်စုံတစ်ရာရရှိပါက အမြန်ဆုံးစုံစမ်းတွေ့ရှိနိုင်ရေး အတွက် အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်သတင်းပေးခြင်းဖြင့် ကူညီပေးစေလိုပါကြောင်း ရဲတပ်ဖွဲ့မှေ မတ္တာရပ်ခံ ဖော်ပြအပ်ပါသည်-

၀၁ ၂၃၀၀၇၄၇ ကွပ်ကဲမှုခန်းမ၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး
၀၁ ၂၃၀၁၆၄၆ ရဲမှူး(ဦးစီး)၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး
၀၁ ၂၄၅၂၆၀ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့
၀၁ ၅၃၅၉၀၅ စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး
၀၁ ၅၃၅၁၈၄ စမ်းချောင်းမြို့မရဲစခန်း

Yangon Police
https://www.facebook.com/yangonpolice?fref=photo


အမှုမှပျောက်ဆုံး သူအား တွေ့ရှိပါက ဆက်သွယ် သတင်း ပေး ခြင်းဖြင့် ပူးပေါင်း ကူညီ ပေးနိုင်ပါရန် မေတ္တာ ရပ်ခံခြင်း အမှုမှပျောက်ဆုံး သူအား တွေ့ရှိပါက ဆက်သွယ် သတင်း ပေး ခြင်းဖြင့် ပူးပေါင်း ကူညီ ပေးနိုင်ပါရန် မေတ္တာ ရပ်ခံခြင်း Reviewed by သစ်ထူးလွင် on 22:41 Rating: 5
Powered by Blogger.