လမ်းချော်ကာ ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် လူတဦးသေဆုံး

ပြီးခဲ့သည့် သြဂုတ်၂၈ ရက်နေ့ မွန်းမတက်မီ ၁၁း၀၀ အချိန်ခန့်တွင် ဒီးမော့ဆိုမြို့နယ်၊ စံပြ (၆) မိုင်ကျေးရွာရှေ့ ကားလမ်းမပေါ်တွင် အသက်(၅၀)အရွယ်ရှိ အမျိုးသမီးတဦး ဆိုင်ကယ်ပေါ်မှ ပြုတ်ကျသေဆုံး မှုတခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ လွိုင်ကော်မြို့နယ်ဘက်မှ ဒီးမောဆိုမြို့နယ်ဘက်သို့ မောင်းနှင်လာသော အသက်(၁၉)ရှိ မောင်စောနေဘွယ်၏ ဆိုင်ကယ်ပေါ်တွင် မိခင်ဖြစ်သူ ဒေါ်စဲဒို အတူစီးနင်းလိုက်ပါလာပြီး ဒီးမောဆိုမြို့နယ်၊ စံပြ(၆)မိုင်ကျေးရွာ၊ မိုင်တိုင်အမှတ် (၁၂၄၊၇) အရောက်တွင် လမ်းချော်သဖြင့် ဆိုင်ကယ်တိမ်းမောက်ရာမှ အနောက်က လိုက်ပါလာသူမိခင်သည် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျပြီး နောက်စေ့ပေါက်ပြဲဒဏ်ရာတချက် နှင့် နဖူးဝဲဘက်ပါပွန်းပဲ့ ဒဏ်ရာတချက် ရရှိသွားကြောင်း ဒီးမောဆိုရဲစခန်းမှ သိရသည်။

အဆိုပါဒဏ်ရာရရှိသူ ဒေါ်စဲဒိုအား ဒီးမောဆိုမြို့နယ် ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ခဲ့သော်လည်း ဆေးရုံသို့ ရောက်ရှိချိန်တွင်ပင် သေဆုံးသွားကြောင်းသိရသည်။

၎င်းသေဆုံးမှုနှင့်ပါတ်သက်၍ ဆိုင်ကယ် မောင်းနှင်လာသူ မောင်စောနေဘွယ်အား အဆင်မခြေ မောင်းနင်သူအဖြစ် ဥပဒေအရအရေးယူပေးပါရန် ဒီးမောဆို ရဲစခန်းမှ ဒုရဲအုပ်နောင်စိုးက တိုင်တန်းထားကြောင်း သိရသည်။

Written by ဖြိုးဝေအောင်
Kantarawaddy Times
http://www.ktimes.org/index.php/news/1027-2014-09-01-11-06-43


လမ်းချော်ကာ ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် လူတဦးသေဆုံး လမ်းချော်ကာ ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် လူတဦးသေဆုံး Reviewed by သစ်ထူးလွင် on 17:43 Rating: 5
Powered by Blogger.