မီးနီဖြတ်မောင်းသဖြင့် ယာဉ်တိုက်မှုဖြစ်ကာ (၁)ဦးသေ၊ (၁)ဦးဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၁၆

၁၅.၉.၂၀၁၄ရက်နေ့ ၂၂၃၀အချိန် ဂုံမြို့နယ်၊ ပြည်လမ်း အတိုင်း တောင်မှ မြောက်သို့ ဒဂုံမြို့နယ်နေ ယာဉ် မောင်း ကိုလင်းသီဟကျော် (၂၂)နှစ် မောင်းနှင်လာသော1G---Nissan AD ဗင် ကိုယ်ပိုင်ယာဉ်သည် ပြည်လမ်းနှင့် ပြည်ထောင်စု ရိပ်သာ လမ်းဆုံ မီးပွိုင့် အရောက် မီးနီအား ဖြတ်သန်း မောင်းနှင်ခဲ့ သဖြင့် ပြည်ထောင်စု ရိပ်သာလမ်း အတိုင်း အရှေ့မှအနောက်သို့ အလုံမြို့နယ်နေ ယာဉ်မောင်း ဦးစန်းလွင် မောင်းနှင်လာ သော 3F--- တိုယိုတာ Ractic ကိုယ်ပိုင်ယာဉ်နှင့် တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်(၂)စီးပျက်စီးသွားခဲ့ပြီး 3F--- ယာဉ်ပေါ်ပါ ဦးစိန်ဟန် (၅၃)နှစ်မှာ ပါးစပ်သွေးထွက်ဒဏ်ရာရရှိကာ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ပြီး ယာဉ်မောင်းဖြစ်သူ ဦးစန်းလွင်တွင်ပွန်းပဲ့၊ နာကျင်ဒဏ်ရာများရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီး၌ အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် ကုသမှုခံယူခဲ့ရပါသည်။

ယင်းသို့ယာဉ်အားမဆင်မခြင်မီးနီ ဖြတ်မောင်းခဲ့သူ ယာဉ်မောင်းကိုလင်းသီဟကျော်အား ဒဂုံမြို့မ ရဲစခန်းယာဉ်(ပ)၃၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃/၂၇၉ဖြင့်အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice


မီးနီဖြတ်မောင်းသဖြင့် ယာဉ်တိုက်မှုဖြစ်ကာ (၁)ဦးသေ၊ (၁)ဦးဒဏ်ရာရ မီးနီဖြတ်မောင်းသဖြင့် ယာဉ်တိုက်မှုဖြစ်ကာ (၁)ဦးသေ၊ (၁)ဦးဒဏ်ရာရ Reviewed by သစ်ထူးလွင် on 15:43 Rating: 5
Powered by Blogger.