ဘီယာပွဲတော်၌ ဗြိတိန်နိုင်ငံသားတဦး ချုံများအကြား ဆီးသွားနေစဉ် အဓ္ဓမပြုကျင့်ခံရ

ဂျာမနီနိုင်ငံ မြူးနစ်မြို့၌ ကျင်းပသော Oktoberfest ဘီယာပွဲတော်၌ ဗြိတိန်နိုင်ငံသားတဦး အဓ္ဓမပြုကျင့်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့ဝင်များက ပြောသည်။

အသက် ၂၄နှစ်ရှိ ခရီးသွားဧည့်သည်သည် စနေနေ့ညက ပွဲတော်ကျင်းပရာနေရာနှင့် ဆက်စပ်လျက်ရှိသော ချုံများအကြား ဆီးသွားနေစဉ် ယင်းကဲ့သို့ တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

သူစိမ်းယောက်ျားတဦးက ယင်းဗြိတိန်နိုင်ငံသားထံ ချည်းကပ်လာပြီး ၎င်းနှင့် ကာမဆက်ဆံလိုကြောင်း ရှင်းလင်းပြတ်သားစွာ ပြောကြားခဲ့သည်ဟု ဘာဗေးရီးယန်းရဲများက ပြောသည်။

ကလန်ကဆန်လုပ်သောအခါ ၎င်း၏ ဦးခေါင်းကို အနောက်မှဆွဲ၍ မြေပြင်ပေါ်သို့လှဲချခဲ့ပြီး အခြားယောက်ျားတဦးက ၎င်းအား ဖိထားစဉ် မုဒိန်းကျင့်ခံခဲ့ရခြင်းဖြစ်သည်။

ကိစ္စပြီးသည့်နောက် ကျုးလွန်သူအမျိုးသား ၂ဦး ထွက်ပြေးသွားခဲ့ကြသည်။
မုဒိန်းပြုကျင့်ခံရသူမှာ Leeds မှဖြစ်သည်ဟု ဂျာမန်မီဒီယာများက ဖော်ပြသည်။

ယခုနှစ် Oktoberfest ပွဲတော်၌ မုဒိန်းမှုများ၊ လိင်ပိုင်ဆိုင်ရာ ဘလက်ကာယ ပြုမှုများအတွက် တိုင်ကြားမှုများ ရှိသော်လည်း ယခင်နှစ်ထက်စာလျှင် လျော့ကျသွားပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်များက ပြောသည်။

စနေနေ့အထိ လာရောက်လည်ပတ်သူ ၃ ဒသမ ၃ သန်းခန့်ရှိုနေပြီး ရာဇ၀တ်ပြစ်မှု ၆၇၀ခန့် တိုင်ကြားထားကြောင်း၊ ယင်းမှာ ယခင်နှစ်ကထက် ၂၀ % လျော့ကျသွားခြင်း ဖြစ်ကြောင်း သိရသည်။

Ref; The Independent
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal?fref=nf


ဘီယာပွဲတော်၌ ဗြိတိန်နိုင်ငံသားတဦး ချုံများအကြား ဆီးသွားနေစဉ် အဓ္ဓမပြုကျင့်ခံရ ဘီယာပွဲတော်၌ ဗြိတိန်နိုင်ငံသားတဦး ချုံများအကြား ဆီးသွားနေစဉ် အဓ္ဓမပြုကျင့်ခံရ Reviewed by သစ်ထူးလွင် on 18:29 Rating: 5
Powered by Blogger.