ရွှေဆိုင်ပန်းထိမ် အလုပ်သမား တစ်ဦး နောက်ဖေး အိမ်သာခန်းတွင် ကြိုးဆွဲ ချသေဆုံး

ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်နေ့ ညနေ (၅)နာရီ(၃၀) အချိန် ပြည်မြို့နယ် ၊ မြို့မ ရဲစခန်း အနောက် (၆) ဖာလုံခန့် ဆံတော်ရပ်ကွက် ၊ လမ်းမတော်လမ်း ၊ မီးရထား တိုက်တန်းတွင် အမျိုးသား တစ်ဦး ကြိုးဆွဲချ သေဆုံးနေကြောင်း သတင်းအရ စခန်းမှူး ဒုရဲမှူးမျိုးမြင့် ၊ တာဝန်မှူးဒုရဲအုပ် မြတ်သူစိုးနှင့် အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးရာ မင်းအောင် ( ၁၇ )နှစ် (ဘ )ဦးမြသောင်း ပန်းထိမ်လုပ် ၊ အမှတ်(၄) ရပ်ကွက် ၊ မင်းတုန်းမြို့ ၊ မကွေးတိုင်းဒေသကြီး ( ရွှေမင်းသမီး ရွှေဆိုင်ပန်းထိမ်အလုပ်သမား ) သည်မီးရထားတိုက် တန်း ၊ အခန်းအမှတ် ( ၁၀ ) ၊ ရွှေမင်းသမီးရွှေဆိုင် နောက်ဖေး အိမ်သာခန်းသို့ သွားရောက်ရာတွင် အချိန်ကြာသ ဖြင့် ရွှေဆိုင်ပိုင်ရှင် ဦးသာနုနှင့် အလုပ်သမားများ သွားရောက်ကြည့်ရှူ့ရာ အိမ်သာတံခါးမှာ အတွင်းမှဂျက်ထိုးထား ၍တံခါးအား အတင်းဖျက်ပြီးကြည့်ရာတွင် မင်းအောင်သည်အိမ်သာ မျက်နှာကျက်အောက်ရှိ ၃ x ၂ သစ်သားတန်း တွင်သွပ်နန်းကြိုးနှင့် ချည်နှောင်အသုံးပြုပြီး ဒူးတုပ်လျက်ပြင်ပ ဒဏ်ရာတစ်စုံတစ်ရာမရှိဘဲ ကြိုးဆွဲချသေဆုံးနေ သည်ကို စစ်ဆေးတွေ့ ရှိရကြောင်း ရဲမှတ်တမ်းတွင် အတည်ပြုထားပါသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ မင်းအောင်သည် ဓမ္မတာအတိုင်းသေဆံုးခြင်း ဟုတ်/မဟုတ် စုံစမ်းစစ်ဆေး ပေးပါရန် ဒုရဲအုပ်မြတ်သူစိုးမှ သတင်းပေးချက်အရ ပြည်မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် ( ၁၄/ ၂၀၁၄ )ဖြင့် ရေးဖွင့်ထားရှိပြီး ဒုရဲမှူး မျိုးမြင့်မှ လက်ခံစစ်ဆေး ဆောင်ရွက်လျက် ရှိပါကြောင်းသတင်း ရရှိပါသည်။

သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်)
BY THIT HTOO LWIN

ရွှေဆိုင်ပန်းထိမ် အလုပ်သမား တစ်ဦး နောက်ဖေး အိမ်သာခန်းတွင် ကြိုးဆွဲ ချသေဆုံး ရွှေဆိုင်ပန်းထိမ် အလုပ်သမား တစ်ဦး နောက်ဖေး အိမ်သာခန်းတွင် ကြိုးဆွဲ ချသေဆုံး Reviewed by သစ်ထူးလွင် on 14:06 Rating: 5
Powered by Blogger.